Part-3(Uni)

46 3 0
                                    

အရောင်စုံသောမီးများအောက်တွင် စည်းချက်အတိုင်း လှုပ်ရှားနေသူများ။

အနောက်တိုင်းDJ ခပ်မြူးမြူးဖြင့် ခန္ဓာကိုယ်ကိုလှုပ်ရမ်းနေသူများမှာ အများအားဖြင့်ဆယ်ကျော်သက် လူငယ် လူရွယ်များသာ။

မနိမ့်မမြင့် stage စင်ပေါ်တွင် အရှက်လုံရုံသာ
ဖုံထားသော မိန်းမငယ်များ၏ စွဲမက်ဖွယ် အမို့အမောက်အပြည့်အစုံဖြင့် ခန္ဓာကိုယ်အား လှုပ်ရမ်း၍ ကနေပုံမှာ ယမကာအစွမ်းပါပေါင်း၍ ပိုယစ်မူးစေသယောင်။

သာမန်လူကြီးသူမများ လူငယ်လူရွယ်များအတွက်အိပ်ချိန်ဖြစ်သော်လည်း ပိုက်ဆံရှိသားသမီးများအတွက် သူ့ထက်ငါအပြိုင် အကောင်းစားများဝတ်ကာ ငွေလာဖြုန်းချင်ပင်။

ကလပ်အတွင်းရှိ မိန်းကလေးအများစု၏ အမြင်အာရုံကိုဖမ်းစားထားသည့် တစ်ခုတည်းသောစားပွဲဝိုင်း။ တစ်ယောက်တမျိုး ကြည့်ကောင်းလှသည့်အမျိုးသားလေးယောက် ထိုလေးယောက်ထဲတွင် လုံးဝမတူညီစွာ ကွဲထွက်နေသော ယောကျာ်းတစ်ယောက်။

မိန်းကလေးအများစုရဲ့ အကြည့်ကထိုအမျိုးသားထံတွင်ရှိနေကြသည်မှာ သိသိသာသာ။အရက်ခွက်ကို ဟန်ပါပါဝေ့ယမ်းရင်း ဇိမ်ခံသောက်နေတဲ့အမျိုးသားက clubအတွင်းရှိမိန်းကလေးများကို အာရုံရပုံမပေါ်။ ခပ်ချေချေပုံစံပင်။ထိုပုံစံကြောင့်ပင် ပုရိသမိန်းမလှလေးများက မျှော်လင့်နေခြင်းဖြစ်မည်။

ထိုမိန်းကလေးများထဲတွင် Nightlife ရဲ့အလှဘုရင်မဟု တင်စားကြတဲ့ စင်သီယာ အပါအဝင်။

စင်သီယာကြည့်နေတာကြာပီဖြစ်သော်လည်း ထိုအမျိုးသားကမူ ယခုအချိန်ထိ အကြည့်တစ်ချက်တောင် မစွန့်ကြဲသေးပေ။

"hey တမိုးအောက်ကတစ်ယောက် အလှဘုရင်မလို့တင်စားကြတဲ့စင်သီယာက ကြည့်လှချေလား"

"တို့ရဲ့နှလုံးသားပိုင်ရှင်ကို တွေ့ပီထင်ပါရဲ့ နှိုင်းရယ်"

အနီရောင် ကြိုးတစ်လုံးကိုယ်ကြပ် ပေါင်ကွဲဂါဝန်လေးက သူမရဲ့လှပတဲ့ခန္ဓာကိုယ်ကောက်ကြောင်းကို ဖော်ပြနေသယောင်။ ပေါင်ကွဲကြောင်းပါတဲ့ဂါဝန်ဖြစ်သောကြောင့် ခပ်သွယ်သွယ်ခြေထောက်ကိုချိတ်၍ ထိုင်နေပုံမှာ တော်ရုံယောကျာ်းများဆိုလျှင် အမှန်တကယ် ကြွေဆင်းကြလိမ့်မည်။

One of youWhere stories live. Discover now