Part-5(Uni)

44 5 0
                                    


Mahar group လုပ်ငန်းစုအတွင်းသို့ အရှိန်ပြင်းစွာ ဝင်ရောက်လာသော BMW တံဆိပ် ခဲရောင်ပြိုင်ကားတစ်စီး။ ကားပြိုင်ကွင်းရောက်နေသည့်နှယ် drift ဆွဲလိုက်ပုံမှာ ဆရာကျလွန်းသည်။

နေ့လည်စာစားချိန်ဖြစ်သောကြောင့် Company
ရှိဝန်ထမ်းများအားလုံး ကားပေါ်မှဆင်းလာမည့်လူကို စိတ်ဝင်တစားကြည့်နေကြသည်။ Mahar လုပ်ငန်းစုထဲလာပီး ထိုသို့ရမ်းကားနိုင်တာ တော်ရုံသတ္တိဖြင့်မရ တော်ယုံလူမဖြစ်နိုင်ကြောင်း စီးလာတဲ့ကားကသက်သေပင်။ထို့နောက်ကားထဲမှထွက်လာသောလူတစ်ယောက်ကြောင့် ဝန်ထမ်းမလေးများကြားတွင် ဂယက်ထကုန်သည်။ဆေးလိပ်သောက်ကာ All black ဖြင့် အေပါ်ကြယ်သီးသုံးလုံးဖြုတ်ထားပီး တက်တူးအပြည့် ခပ်ချေချေမျက်နှာဘေးဖြင့် ထိုလူကအလွန်ကြည့်ကောင်းသည်။

ကျစ်! အဲ့ဒါကြောင့်မလာချင်တာ လူတစ်ယောက်လာတာကို အတင်းတွေလိုက်ကြည့်နေတာ ဘာအကျင့်တွေမှန်းမသိ။ ကိုယ့်အလုပ်ကိုဂရုတစိုက်မလုပ်ကြဘူး အကုန်ထရိုက်လိုက်ရရင် ဒီကောင်လွန်တော့မည်။

"ဟို..ဒီမှာဗျ Companyထဲ ဆေးလိပ်သောက်လို့မရဘူးဗျ"

လုံခြုံရေး ရဲ့အပြောကို ရှိန်က ဆေးလိပ်သောက်ရင်း အဲ့တော့ ဘာဖြစ်လဲဆိုသည့်သဘောဖြင့် မျက်ခုံးပင့်ပြမိတော့..

"ဒါက ဥက္ကဌကြီးကိုယ်တိုင် ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကိုသီးသန့်ထုတ်ထားတဲ့ စည်းကမ်းပါဗျ လူတိုင်းလည်းလိုက်နာကြတော့ ဒီတော့ ဒီကညီလေး နားလည်ပေးပါ"

"အဟွန်း!အဲ့ဥက္ကဌကြီးကိုပြောလိုက် ဘယ်ကောင်လိုက်နာလိုက်နာ စိုင်းခွန်းမဟာရှိန် ဆိုတဲ့ဒီကောင်ကမလိုက်နာနိုင်ဘူးလို့ ok"

လုံခြုံရေးရဲ့ အပြောကို ဂရုမစိုက်သည့်ဟန်ဖြင့် ဆေးလိပ် ဖွာကာ Companyထဲဝင်လာလိုက်သည်။

ဘယ့်နှယ့် သူ့ဝန်ထမ်းတွေနဲ့ဧည့်သည်တွေ
လိုက်နာရမဲ့စည်းကမ်းကို ဒီကောင့်ကိုလာပြောရတယ်လို့။ သူထုတ်တိုင်းလိုက်နာရအောင် ဒီကကောင်ကသူ့လစာ စားနေတဲ့ဝန်ထမ်းမဟုတ်သလို သူ့ဧည့်သည်လည်းမဟုတ်ပေ ။သူ့သားစစ်စစ်။

ရှိန် လည်းကောင်တာဆီသို့ဦးတည်သွားလိုက်သည်။ ရှိန် ကောင်တာနားရောက်တော့ ကောင်မလေးတစ်ယောက် ကုန်းကုန်းကွကွဖြင့် ဘာတွေကောက်နေသည်မသိ သူရောက်နေတာတောင်မသိပေ။

One of youWhere stories live. Discover now