Part-10(Uni)

50 5 2
                                    


ကော်ဖီတစ်ခွက်အား အချိန်ဆွဲ၍ ခပ်ဖြေးဖြေးသောက်နေသည့် ဦးမဟာမြင့်မှာ တစုံတယောက်ဆင်းအလာကို စောင့်မျှော်နေဟန်။ မျက်နှာမှာလည်းအလိုမကျမှုအတိုင်းသား သက်ပြင်းတချချနှင့် ရတက်မအေးနိုင်။

"မောနင်း ဒယ်ဒီ"

ကြားလိုက်ရသည့်အသံကြောင့် မော့ကြည့်မိတော့ လှေကားပေါ်မှစတိုင်အပြည့်ဖြင့် ကားသော့ကိုရမ်းရင်းဆင်းလာသူက ပြသနာရှာထားသူ မဟုတ်သည့်အတိုင်း။

"အော်ကြွလာပီလား ထိုင်တော်မူပါဦးသားတော်မောင်"

ဘေးနားရှိခုံပေါ်မှာ ဝင်ထိုင်လိုက်သူက ဦးမဟာအပြောကို မျက်မှောင်ကျုံ့ကြည့်ရင်း ဘာလဲဆိုသည့်သဘောဖြင့် မေးဆတ်ပြလာသည်။ ကရားထဲမှ​ကော်ဖီကို ထည့်ပီးနောက် မနက်စာမုန့်များကို ဟိုဒီလှန်ကြည့်နေသေးသည်။ မနက်စောစောစီးစီးကို မျက်နှာကျောတင်းနေသူက ဖခင်ဖြစ်သူ စိတ်တိုနေသည်ကိုတော့သိဟန်မပေါ်။ အအပေါ်စီးမှမြင်ရသည့် ခပ်ထင်းထင်းမျက်ခုံး ၊ ခပ်စူးစူးမျက်လုံးနှင့် ခေါင်းမာသည့်အကျင့်က မိခင်ဖြစ်သူဆီကအမွေရထားဟန်။
ထိုစဥ်ခပ်စူးစူးရေမွှေးနံ့က နှာခေါင်းဝသို့ ကျီစယ်လာသောကြောင့် မျက်နှာမဲ့လိုက်မိသည်အထိ။ ဒီိလိုခပ်စူးစူးရေမွှေးအနံ့ကိုကြိုက်တာလည်း မိခင်အတိုင်းပင်။

"ပြောစရာရှိလို့လား ဒယ်ဒီ"

ခါတိုင်းကဲ့သို့ ဘောက်ဆတ်ဆတ်လေသံမဟုတ်ဘဲ အလိုက်တသိမေးလာသည့်သားတော်မောင်ကြောင့် ဦးမဟာမြင့်ပင် အံ့သြသွားရသည်။ခါတိုင်းဆို သားတော်မောင်က ထိုကဲ့သို့စောစောမထတတ်သလို၊ ထိုကဲ့သို့လည်း စကားနှစ်ခွန်းပြည့်အောင်ပြောမရပေ။ တစ်ခုခုဆိုလျှင် မထီမဲ့မြင် မျက်နှာထားကပါသေးသည်။

မနက်လင်းလာသည်နှင့် ပြသနာရှာနေသည့်ကောင်က ယနေ့မှထူးထူးဆန်းဆန်း စိတ်အခြေနေကြည်လင်နေသလိုပင်။ ထို့အပြင် မိမိကိုပါ ပြောစရာရှိလားဟုမေးနေပြန်သည်။

တစ်ညလုံး ကလပ်ပေါင်းစုံတက် ပြသနာပေါင်းစုံရှာနေသူက မနက်ရောက်လျှင်သူမဟုတ်သည့်အတိုင်း။ တနေကုန်အပြင်ထွက် သဝေထိုးအားရကာမှ အိမ်ပြန်လာသည်။ နောင်ရေးအတွက် အလုပ်လုပ်ဖို့ ပြောသော်လည်း အဖွားဖြစ်သူကကာဆီးကာဆီးနှင့် လက်မခံ။ ငါ့မှာရှိသမျှစည်းစိမ်တွေနဲ့ဆို ငါ့မြေးတသက် စိတ်တိုင်းကျသုံးဖြုန်းနိုင်တဲ့အပြင် မွေးလာမယ့်မြစ်ဖြစ်သူတွေသုံးဖြုန်းနိုင်တဲ့အထိ ပေါများပါသည်တဲ့လေ။

One of youWhere stories live. Discover now