Part-11(Uni)

49 5 0
                                    

မီးနီမိနေတုန်း မိမိကားတဖက်ခြမ်းမှ တဝူးဝူးမြည်နေသည့် ပြိုင်ကားအနက်ရောင်လေးကြောင့် မျက်မှောင်ကျုံ့ကြည့်လိုက်သည်။ထိုစဥ် ကားအမိုးဖွင့်လိုက်သည့်အတွက် မြင်လိုက်ရသည့်ပုံရိပ်ကြောင့် ကားစတီယာရင်ပေါ်ရှိ ညှို့ လက်ကလေးများတင်းကြပ်သွားရသည်။

အရိုင်းစိုင်းကောင်!ညှို့နောက်ကိုများလိုက်လာတာလား။ ဟင့်အင်းမဖြစ်နိုင်ပါ။ တကယ်လို့ဟုတ်ရင်လည်း ညှို့ကားပေါ်ကမဆင်းသရွေ့ဘာမှထိခိုက်စရာမရှိ။ ဟုတ်တယ် ကုမ္ပဏီမရောက်မချင်းညှို့ကားပေါ်ကမဆင်းတော့ဘူး။သူ့ကားအမဲကြီး ပေါ်ကနေ ညှို့ ကားဘက်ကို အံ့ကြိတ်ကြည့်နေတာများ‌ေကြာက်စရာ။

ဘုရားရေ ထိုအရိုင်းစိုင်းကောင်က နဂါးများလား!

ထိုစဥ်မီးစိမ်းသွားပီဖြစ်၍ ညှို့ အရှိန်အနည်းငယ်တင်ကာမောင်းလာလိုက်သည်။

ရှိန် ဒေါသကြောင့် မေးရိုးများတင်းကာ လက်ရှိသွေးကြောများပါအထင်းသား။ တဖက်ကလူက ကိုယ့်ကိုဂရုမစိုက်သည့်အပြင် ပို၍စိတ်တိုအောင်လုပ်နေသောကြောင့် စိတ်အလုံးစုံဟာအစိုးမရတော့။ထို့အပြင်ကားကိုပါအရှိန်တင်၍မောင်းသွားသေးသည်။ အဟက်! ဒီကောင့်ကို ခင်ဗျားလုံးဝ အကြောက်အလန့်မရှိတာပဲ တိုင်းညှို့စစ်ငယ်။

ကားကိုအရှိန်ပိုတင်လိုက်ကာ ရှိန် ထိုလူနောက်မှထပ်ကြပ်မကွာလိုက်လာလိုက်သည်။ ကျော်တက်ရန်အဆင်မပြေသည့်အတွက် အနောက်ကသာအသာလိုက်ခဲ့ရခြင်း။

ညှို့ကားနောက်မှ ထပ်ကြပ်မကွာလိုက်နေသူကြောင့် အမှန်တကယ်ပင်အခက်တွေ့နေလေပီ။
တဖြေးဖြေးမောင်းလာသည်မှာ ကားအနည်းငယ်ရှင်းသည့်နေရာဖြစ်သည့်အတွက် ညှို့ အနည်းငယ်ကြောက်ရွံ့မိသည်မှာငြင်းမရပေ။
ထိုစဥ် ညှို့ကားရှေ့သို့ ကန့်လန့်ခံ၍ ပိတ်ရပ်လိုက်သည့် အရိုင်းစိုင်းကောင်၏ပြိုင်ကားလေးကြောင့် ဘရိတ်အမြန်နင်းလိုက်ရသည်။ကားမှန်မှတစ်ဆင့်မြင်ရသည့် လူက စိတ်တိုနေဟန်။ တံခါးကိုခပ်ကြမ်းကြမ်းစောင့်ပိတ်၍ ခြေလှမ်းခပ်ကြဲကြဲဖြင့် ဦးတည်လာတာက ညှို့ကားဆီသို့။

You've reached the end of published parts.

⏰ Last updated: Sep 25 ⏰

Add this story to your Library to get notified about new parts!

One of youWhere stories live. Discover now