Part-8(Uni)

79 6 0
                                    

ဒီနေ့ကအားလပ်ရက်ဖြစ်သဖြင့် ညှို့ နဲ့ အကိုခန့်မင်းတို့ Mahar Groupအပိုင်ထဲမှ တစ်ခုဖြစ်သည့်Mahar plazaသို့ထွက်လာခဲ့ကြသည်။

Mahar လုပ်ငန်းစုနဲ့စာချုပ်ချုပ်ပီးတည်းက အလုပ်ထဲခေါင်းစိုက်ခဲ့ရတဲ့အကိုက လစာ အပိုမုန့်ဖိုးပေးတော့လည်းလက်မခံပေ။ ထိုအစား သူနဲ့Shoppingထွက်ရင်း နေ့လည်စာတစ်နပ် သူစားချင်တဲ့ဆိုင်မှာဝယ်ကျွေးပါတဲ့လေ။

ပလာဇာ၏ဒုတိယအထပ်သို့ရောက်သောအခါ ညှို့ဝယ်နေကြ အဝတ်စားဆိုင်ဖြင့်နီးသောကြောင့် ဝယ်ရန်ဆုံးဖြတ်လိုက်သည်။ နွေရာသီရောက်နေပီဖြစ်သောကြောင့် ချည်သားအကင်္ျီအချို့နှင့် အသုံးအဆောင်အချို့ဝယ်ချင်သေးသည်။ထို့ကြောင့်.......

"အကို"

"ဟင် ဘာလို့လဲညှို့ ဝယ်စရာရှိလို့လား"

"ဟုတ် အကိုဗိုက်ဆာ​​ပီလား ညှို့ရှေ့က အဝတ်စားဆိုင်ကိုခနလောက်ဝင်ချင်လို့အကို "

"အော် ဝင်လေရတယ် အကိုလည်းအဝတ်စားနည်းနည်းလောက်ဝယ်ချင်နေတာနဲ့အတော်ပဲ ဗိုက်ကသိပ်မဆာသေးဘူးဆိုတော့ ရပါတယ်"

နှစ်ယောက်သား အဝတ်စားဝယ်ရန်ဆိုင်ထဲဝင်လာခဲ့ကြသည်။ ညှို့ အကျင့်ကအဝတ်အစားသိပ်မမက်ပေမယ့် ဒီကိုရောက်တိုင်းအမြဲလိုလို နှစ်ထည် သုံးထည်အနည်းဆုံးဝယ်ဖြစ်သည်။

ဘေးကိုလှည့်ကြည့်လိုက်တော့ အကိုခန့်မင်းက တခြားဘက်မှာအဝတ်စားရွေးနေသည့်မို့ ညှို့လည်း ရွေးထားသည့်အဝတ်စားများကို ဝန်ထမ်းကောင်မလေးလက်ထဲသို့ပေးလိုက်သည်။

"ညမလေး ဒီတစ်ထည်ကို သပ်သပ်ထည့်ပေးနော်"

"အော် ဟုတ်ကဲ့ရပါတယ်ရှင့် "

ခနအကြာ အကိုခန့်မင်းကလည်းရွေးပီးပီဖြစ်သောကြောင့် တတိယထပ်ရှိ Thai food houseသို့တက်လာခဲ့ကြပီး ဆိုင်ရှေ့ရောက်သောအခါ မြင်ရသမျှ စားပွဲဝိုင်းတိုင်းက လူအပြည့်မို့ လှည့်ပြန်ရ​​တော့မှာလားဟုတွေးလိုက်သည်။

ဒါကိုသတိထားမိတဲ့ အကိုက.......

"လှည့်မပြန်ရပါဘူး ညှို့ရယ်အကိုbookingတင်ထားပါတယ် လာ"

One of youWhere stories live. Discover now