Part-9(Uni)

43 3 0
                                    

ညှို့ အန်ကယ်မဟာက.......အကူညီတောင်းစရာရှိသည်ဆိုသောကြောင့်........Mahar Groupသို့ရောက်နေခြင်းဖြစ်သည်။

ဒေါက်!...ဒေါက်!

"ဝင်ခဲ့ပါ"

ညှို့ဝင်လာတော့......အန်ကယ်မဟာက......ဖုန်းပြောနေရင်းမှ.....လှည့်​ကြည့်၍ထိုင်ရန်ပြောသည်။

"အေးအေး မိတုတ်........ဆရာဝန်ရောခေါ်ထားတယ်မဟုတ်လား......"

"ဟုတ်အကို​လေးကိုဆေးထိုးပေးပြီး......ပြန်သွားပါတယ်သူဌေးကြီး......မေမေကြီးကတော့မျက်နှာမကောင်းဘူး........အကိုလေးအနားကနေမခွာဘူး"

"ဟုတ်ပီ.....အမေ့ကိုတအားစိတ်မပူဖို့ပြောထားအုံး........ဆေးထိုးပီးပီဆိုမှတော့.....သက်သာသွားမှာပါ"

"ဟုတ်ဟုတ်သူဌေးကြီး.....မိတုတ်ပြောလိုက်ပါ့မယ်"

"ဒါဆိုဖုန်းချလိုက်တော့....မိတုတ်"

ဖုန်းပြောပီးနောက်......သက်ပြင်းတချချဖြစ်နေသည့်.......အန်ကယ်မဟာက......ညှို့အရှေ့ နှစ်ခုံတွဲဆိုဖာသို့ဝင်ထိုင်သည်။

"Sorry သားညှို့ရယ်၊ အလုပ်မအားတဲ့သားကို......တကူးတကခေါ်လိုက်ရလို့......အန်ကယ်တောင်းပန်ပါတယ်"

"ရပါတယ်ဗျ......ကျွန်တော်အားပါတယ် ......ဒါနဲ့ အဆင်မပြေတာရှိလို့လားအန်ကယ်....."

"ဟင်း!!!....ဟုတ်တယ်သားညှို့ရေ.......အိမ်ကသားဆိုးပေါ့ကွာ.......အရင်စနေနေ့က.......​ညနက်လို့ပြန်မလာပြန်မလာနဲ့စောင့်နေတာ.........ပြန်လည်းလာရော.......လက်မှာသွေးစတွေကိုရဲလို့သားရယ်.........အန်ကယ်ဘာဖြစ်တာလဲမေးလည်းမရဘူး........သူ့အဖွားမေးတာလည်းမရနဲ့.......ဆေးလည်းမထည့်ဘူး......အခုတော့ဖျားနေပီလေ.....သားသူငယ်ချင်းတွေကိုဖုန်းဆက်မေးတော့လဲ.......ဘာမှရေရေရာရာမသိရဘူးကွယ်"

အန်ကယ်မဟာအပြောကြောင့်.......ညှို့ မျက်တောင်လေးများ.........သိသိသာသာလှုပ်ခတ်သွားသည်။ ရှေ့မှအန်ကယ်ကိုကြည့်မိတော့......အမှန်တကယ်စိုးရိမ်ပူပန်နေဟန်။ အကယ်၍.....ညှို့ ကြောင့်ဖြစ်တယ်ဆိုတာ.......ပြောပြလိုက်ရင်ကော.....ဟင့်အင်း.......ညှို့ ကိုကိုယ်ထိလက်ရောက်စော်ကားတာကို.......ဘလိုစကားလုံးတွေနဲ့.....ပြောပြရပါ့မလဲ....ဘလိုသတ္တိနဲ့ပြောပြရမလဲ။  အမှားလုပ်တဲ့သူက.......ဝန်ခံရဲရမယ်ဆိုတဲ့....ညှို့ရဲ့ခံယူချက်တွေက......ဒီတခါတော့ အသုံးမဝင်တော့ပေ။

One of youWhere stories live. Discover now