Part-7(Uni)

42 4 0
                                    


ရှိန်တို့ ဒီနေ့ အပြင်မှာနေ့လည်စားချင်တယ်လို့ပြောလာတဲ့ ရှင်း ကြောင့် Thai food houseသို့ရောက်နေခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ထက်ပိုင်တို့ Showroomမှာသာ မှာစားတတ်ပေမယ့် ဒီနေ့မှ ရှင်း ကThai အစားစာ စားချင်တယ်ဟုပြောလာသောကြောင့်Mahar Groupအပိုင် ပလာဇာဘက်ထွက်လာကြသည်။

တတိယအထပ်ဆီရောက်ပီးနောက် Thaiစားသောက်ဆိုင်ရှေ့ရောက်သောအခါ မြင်သမျှစားပွဲဝိုင်းတိုင်းက လူအပြည့်ဖြစ်နေသောကြောင့် ရှိန် မျက်မှောင်ကျုံ့လိုက်မိသည်။

ဒါကိုသတိထားမိတဲ့ ရှင်း က

"ဟေ့ကောင် မျက်မှောင်ကျုံ့ထားတာလေးကိုလျှော့ ၊ ငါbooking ကြိုလုပ်ထားပါတယ်ကွာ။
ပုံမှန်ရက်တွေတောင် ဒီမှာကလူအပြည့်ပဲလေ အခုလိုရုံးပိတ်တဲ့အားလပ်ရက်ဆိုတော့ပိုဆိုးတာပေါ့ မဟုတ်ရင်တနေကုန်ထိုင်စောင့်တောင်မရလို့ လှည့်ပြန်ရလောက်တယ်"

ငြီးငြူစွာပြောလာသူ ရှင်း ကြောင့် ထက်ပိုင်နဲ့စစ်‌သွေးက ခပ်ဟဟရီမိတော့

"ရီစရာပါလို့လား ငါပြောတဲ့အထဲမှာ ဘာကရီရလို့ မင်းတို့နှစ်ကောင်ကရီတာ "

မှုန်ကုတ်ကုတ်ဖြင့်ဆိုလာသူ ဒါမှတခြားသူတွေမသိတဲ့ရှင်းခန့်မင်းအစစ်ပင်။ ဒီလိုကလေးဆန်တဲ့ပုံကိုသာ လူနာတွေကိုခေါ်ပြလိုက်ပါက သူတို့ရဲ့တည်ကြည်တဲ့ ဒေါက်တာရှင်းခန့်မင်းဆိုတာ ဘသူမှမယုံလောက်ပေ။

"မဟုတ်ပါဘူးရှင်းရာ မင်းပြောတာနည်းလမ်းကျလို့ပါ နော်စစ်သွေး"

"အေးအေး ဟုတ်တယ် ထက်ပိုင်ပြောသလိုပဲ"

"မင်းတို့နှစ်ကောင် အဖြေကောင်းလို့ အထောင်းသက်သာတယ်မှတ် မဟုတ်ရင်ကိုယ့်ပိုက်ဆံနဲ့ကိုယ်စားကြတော့လို့ပြောမလို့"

ထိုသို့ပြောပီးနောက် ရှင်းက ကောင်တာဆီဦးတည်သွားသောကြောင့် သူတို့သုံးယောက်လည်းနောက်မှလိုက်လာခဲ့သည်။ ခဏအကြာ ဝန်ထမ်းကောင်မလေးက ရှိန် တို့ကို အပြင်ဘက်နှင့် မှန်တစ်ချပ်သာ ခြားထားသည့် ဝိုင်းဆီသို့လိုက်ပို့ပေးသည်။ ရှိန်တို့အခုထိုင်နေတဲ့နေရာက အပြင်ဘက်လေသာဆောင်ဖြစ်သည့်အပြင် ပန်းပင်မျိုးစုံဖြင့် ကြက်တူရွေးလေးတွေပါ မွေးထားသေးသည်။

One of youWhere stories live. Discover now