Part-6(Uni)

46 5 0
                                    


At Royal food house......

ညှို့ အန်ကယ်မဟာနဲ့ချိန်းထားသည်မှာ နောက်ကျနေပီးဖြစ်သောကြောင့် မြန်မြန်သွားရန် ကား parkingထိုးမည်အလုပ်

"ဝူးးးးးးးးးးးးးးကျွီ......!"

အရှိန်အပြင့်ဖြင့်မောင်းနှင်လာကာ ညှို့ ဝင်မည့်နေရာကို အတင်းထိုးဝင်သွားရုံသာမက ကားချင်းချိတ်ရန် အနည်းငယ်သာလိုတော့သည်။ထို့ကြောင့် ညှို့ စိတ်တိုသွားကာ..

"တောက်!ကားပေါ်က အရိုင်းစိုင်းကောင် မင်းဆင်းလာခဲ့စမ်း"

ရှိန် ကားပေါ်မှဆင်းလာသည့် ဖြူလွှလွှ ပုံရိပ်ကလေးကြောင့် မျက်မှောင်ကျုံ့မိသည်။ ပုဆိုးကွပ်စိပ် နီနီကလေးဖြင့် အဖြူရောင်လက်ရှည်ည်ကတုံးနှင့်လူတစ်ယောက် ဆံပင်ခပ်အုပ်အုပ်ဖြင့် ဆိုးဆေးအကူမပါတဲ့ နှုတ်ခမ်းတစ်စုံကလည်း တထော်ထော်ဖြင့် ရှိန် ကိုရန်တွေ့နေသေးသည်။

"ဘာလဲ ဘသူ့ကိုအရိုင်းစိုင်းလို့လာခေါ်နေတာလဲဟမ်"

"မင်းလေမင်း လူ့အရိုင်းစိုင်းကောင် ဒီမှာကားတစ်စီးလုံးဝင်ဖို့လုပ်နေတာ မင်းကန်းနေလား"

"အင်း မကန်းလို့ပဲ ကျုပ်ကားဝင်လိုက်တာပေါ့"

"ဘာကွ"

ကားတံခါးကိုမှီကာ ဆေးလိပ်တစ်လိပ်ကိုမီးညှိရင်း ရိုင်းရိုင်းစိုင်းစိုင်းပြန်ဖြေလာသော အရိုင်းစိုင်းကောင် ၊ ဆေးလိပ်ငွေ့တွေလည်း မွှန်လို့ ညှို့မျက်နှာကိုကြည့်ရင်း ဖြေလာပုံမှာ တကယ့်အရိုင်းစိုင်းမှန်းသိသာလှသည်။

"အေး မကန်းဘူးဆိုရင် ကားတစ်စီးလုံးတိုက်လုနီးနီးဖြစ်သွားတာရော သူများရပ်မယ့်နေရာကိုအတင်းဝင်သွားတာကိုရော တောင်းပန်ဖို့စိတ်ကူးမရှိဘူးလား ဟမ်"

"မရှိဘူး"

ခပ်ပြတ်ပြတ်ထွက်ပေါ်လာသောစကားသံ

"မင်း! အရိုင်းစိုင်း"

"ညှို့ ဘာဖြစ်တာလဲ အကိုက ညှို့ကြာနေလို့လိုက်လာတာ"

ရှိန် ကြားလိုက်ရတဲ့ နာမည်ကြောင့် မျက်ခုံးပင့်မိလိုက်သည်။ ဒါခုနက ဒယ်ဒီပြောတဲ့နာမည် ဒါဆိုစာချုပ်ချုပ်မှာ ဒီလူနဲ့ပေါ့။

One of youWhere stories live. Discover now