"သခင်ကြီးရှင့်ဧည့်သည်လာတယ်"
မနက်မိုးလင်းတာနဲ့အိမ်မှာကားသံကြားရသည်မို့အိမ်ကအစေခံတွေအကုန်လုံးအိမ်ရဲ့အရှင်သခင်ဖြစ်သူသခင်ကြီးliamကိုသွားခေါ်ကြတော့သည်
"Zeranအိမ်တော်ကဖြစ်မယ်"
"မိန်းမရေသမီးကိုသွားနှိုးချေ.....ပြင်ဆင်ချယ်သပေးပြီးအိမ်အောက်ထပ်ကိုဆင်းလာဦး"
"ဟုတ်ပါပြီး"
Viraကတော့မနေ့ညကအိပ်ယာဝင်နောက်ကျတာလည်းကောင်း၊အရက်သောက်ထားသည့်အရှိန်နဲ့တစ်ကိုယ်လုံးကိုက်ခဲနေပြီးအိပ်ယာကနေမထသေးချေ
"ဟဲ့သမီး....viraထသင့်နေပြီးလေ..ထတော့သေနေတာလားနေဖင်ထိုးနေပြီး"
"အင့်ဟင့်....mumကလည်းအခုမှအစောကြီးပဲရှိသေးတာကို"
မျက်လုံးမှိတ်လျက်ပြန်ဖြေလာသောဗီရာရယ်ပါ
"ဟဲ့မထလို့ရမလား....နင့်ကိုလာတောင်းတဲ့သူရောက်နေပြီး...နင်ရေချိုးပြီးပြင်ဆင်လိုက်"
Viraတုန်လှုပ်မိသည်သူ့ကိုလာတောင်းတဲ့ကzaiဖြစ်မနေဖို့မျှော်လင့်သည်...ဒါပေမဲ့သူ့ကိုဘယ်သူကပဲလာတောင်းတောင်းသူလက်မခံပါ၊လွတ်လပ်တဲ့လူငယ်ဘဝကိုမဆုံးရှုံးချင်သေးဘူးလေ
"သူတို့ဘာသာသူတို့အားယားလို့လာတောင်းတာသမီးနဲ့ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့သူတို့ကငါ့ကိုလာတောင်းတာမှမဟုတ်တာနင့်ကိုလာတောင်းတာလေ"
"အေးပါmumရယ်ထပြီးရေချိုးလိုက်ဦးမယ်"
Viraမနက်ခင်းမှာသူ့အမေဟောတဲ့တရားကိုနားမထောင်ချင်၍ထလာရသည်
.........
"ဒီကသမီးလေးလားကျွန်တော့်သမီးလေးကိုလာတောင်းတာ"
"ဟုတ်ပါတယ်ကျွန်တော့်သမီးကဘယ်လိုဖြစ်ပြီးတမ်းတမ်းစွဲသွားမှန်းမသိဘူး"
"ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ဘက်ကလက်ခံပါတယ်"
"ကောင်းတာပေါ့"
"Daddy ဘယ်သူကသမီးကိုလာတောင်းတာလဲ"
"အော်...ဒါကကျွန်တော့်သမီးပါviraတဲ့"