အပိုင်း (၆)

635 89 4
                                    

(Unicode)

"ဪ"

သူ့အာမေဋိတ်သံကို ကြားသွားသူက ခေါင်းမော့လို့ ကြည့်လာသည်။ သူမှန်း သိသွားတော့ မှတ်မိသွားလို့လား မသိ။ ခေါင်းတစ်ချက် ငြိမ့်ပြကာ နှုတ်ခမ်းတွန့်ရုံ ရယ်ပြလာသည်။ ထို့နောက်တွင်တော့ သူ အခုလေးတင် ထွက်လာသည့် ဓာတ်လှေကားထဲသို့ ဝင်သွားလေသည်။

ကြည့်ရတာ ထွန်းလင်းသော်လည်း ဒီအင်္ဂလိပ်စာသင်တန်းမှာ တက်နေတာ ဖြစ်ရမည်။ အခု သင်တန်းဆင်းသည်ဆိုတော့ သူတို့အရှေ့ချိန်က အတန်းမှာ တက်နေတာ ဖြစ်ဖို့များသည်။

သူ များများစားစား တွေးမနေတော့ပဲ စာသင်ခန်းထဲသို့သာ တန်းဝင်သွားလိုက်သည်။ သူ ရောက်သွားသည့်အချိန်မှာ သူငယ်ချင်းနှစ်ယောက်က မရောက်သေး။ သူလည်း ဗိုက်ဆာဆာ ရှိတာနှင့်ပင် မျက်နှာချင်းဆိုင် တိုက်က Mini Martမှာ မုန့်ဝင်ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။

"သော်ဇင် မုန့်လာဝယ်တာလား"

"ဟုတ် ဆရာအဲရစ်"

"ကဲ လာ လာ ကြုံနေပြီဆိုမှတော့ ဆရာ ဝယ်ကျွေးမယ်"

"အာ ရပါတယ်ဗျ"

"လာစမ်းပါကွာ"

ဆရာအဲရစ်က ပြောပြောဆိုဆိုနှင့်ပင် သူ့လက်ဘက်ကြက်ဥနှင့် နို့အေးဖိုးကို ရှင်းသွားလေသည်။

"ဒါနဲ့ ကြုံတုန်း မေးလိုက်ဦးမယ် မင်း E4PC ဝင်မပြိုင်တော့ဘူးလား"

"သား စဥ်းစားနေတုန်းဗျ ပြိုင်ဖြစ်ဖို့တော့ များပါတယ်"

"အင်း ဆရာကတော့ အတင်း မတိုက်တွန်းပေမဲ့ ပြိုင်တာကတော့ ပြိုင်စေချင်တယ် နောက်ပြီး ထွန်းလင်းသော်ဆိုတာ သိလား သားတို့ စိန့်ဂျွန်ကပဲ"

"ဟုတ် သိတယ် ဆရာ"

"အေး သူ့ကိုလည်း ဆရာ တော်တော် သဘောကျတယ် ဒီကောင် Essay Writing skill တကယ် ကောင်းတာကွ သူ့ကိုလည်း ဝင်ပြိုင်စေချင်တာ ဒီကောင်က မထုံတတ်တေး လုပ်နေတယ် ပြိုင်ပွဲရှိမှန်းတောင် မသိဘူးတဲ့"

"သူက ကျောင်းပြောင်းလာတာ မကြာသေးဘူး ဆရာ တစ်လလောက်ပဲ ရှိသေးတယ် အဲ့ဒါကြောင့် မသိသေးတာဖြစ်မယ်"

Paper RingsWhere stories live. Discover now