အပိုင်း (၁၅)

578 66 3
                                    

(Unicode)

သီရိကို၏ စကားအဆုံးတွင် လူသုံးယောက်ရှိနေသည့် ကလပ်အခန်းသည် အပ်ကျပင် ကြားရလောက်အောင် တိတ်ဆိတ်လို့သွားတော့သည်။

"နင်ပြောတာက အဲဒီစာတွေကို ရေးပြီး ကပ်တာက နင်ပေါ့"

"မဟုတ်ဘူး"

ထိတ်ထိတ်ပြာပြာဖြင့် ငြင်းလာသည့် သီရိကိုက မျက်မှောင်ကြုံ့ထားပြီး စိတ်တိုနေဟန်ပေါက်သည့် ထွန်းသော်ကို လန့်နေဟန်။

"နင် ပြောတော့ စာတွေကို ရေးတာ နင်ဆို"

"မဟုတ်ဘူး ငါ ပြောချင်တာက ဒီလိုပါ စာတွေကို ရေးတာက ငါ ဟုတ်တယ် ငါက စာရေးတာလည်း ဝါသနာပါတော့ ကိုယ့်ဟာကိုယ် ဝတ္ထုအတိုလေးတွေကို လျှောက်ရေးတတ်တဲ့ အကျင့်ရှိတယ် အခု ပြန့်နေတဲ့ စာရွက်ထဲမှာ ပါတဲ့ အကြောင်းအရာတွေကလည်း ငါ ကျောင်းသားဘဝအကြောင်းလေး ရေးမယ်ဆိုပြီး ဇာတ်လမ်းချထားတာ တခြားဇာတ်ကောင်တွေကို ဖန်တီးတာထက် လက်တွေ့ပိုဆန်ချင်လို့ အပြင်မှာ ရှိတဲ့ လူတွေကို ထည့်ရေးမိတာ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါပဲရေး ငါပဲဖတ်တာဆိုတော့ ဘာပြဿနာမှ မရှိလောက်ဘူး ထင်လို့ပါ ဒါပေမဲ့ စာတွေကို ကပ်တာတော့ ငါ လုံးဝ မဟုတ်ရပါဘူး တကယ် ကျိန်ပြောရဲပါတယ်"

"နင် ရေးတဲ့စာကို နင် ကပ်တာ မဟုတ်ဘူးဆိုတော့ ဘယ်သူ ကပ်တာလဲ"

"ငါလည်း အဲဒါတော့ တကယ်မသိဘူး ငါ့မှာ သက်သေရှိပါတယ် ဒီမှာ"

သီရိကိုက ပြောပြောဆိုဆိုနှင့်ပင် သူ ယူလာသည့် စာအုပ်တစ်အုပ်ကို သဲသဲကို ပြလာ၏။ ထိုစာအုပ်ကို သဲသဲ မြင်ဖူးသလိုလို ရှိတာကြောင့် ကြည့်နေစဥ်မှာပင် သီရိကိုက ရှင်းပြလာသည်။

"ဒါက-"

"သော်ဇင် နင် မှတ်မိလား အရင်တစ်ခါ ငါ ကလပ်အခန်းထဲမှာ စာအုပ်ကျန်ခဲ့တော့ နင် သိမ်းထားတာလေ နင် ယူကြည့်ဖို့ လုပ်နေတုန်း ငါ ဆွဲယူလိုက်တဲ့စာအုပ်လေ"

"ဪ မှတ်မိပြီ"

"ငါ အဲဒီတုန်းက နင့်ကို မကြည့်စေချင်ဘူးဆိုတာက အခု ပြန့်နေတဲ့ စာတွေကို ဒီထဲမှာ ရေးထားလို့ နင် မြင်သွားမှာစိုးလို့ ဒါပေမဲ့ ဒီမှာကြည့် ဒီနေရာမှာ ပြဲနေတယ်တွေ့လား အဲဒီပြဲနေတဲ့နေရာက ငါ ဟိုစာကို ရေးထားတဲ့နေရာပဲ တစ်ယောက်ယောက်က မြင်ပြီး ဖြဲသွားတာပဲ နေမယ်"

Paper RingsWhere stories live. Discover now