အပိုင်း (၂၀)

603 78 0
                                    

(Unicode)

"သော်ဇင် သင်္ချာဉာဏ်စမ်းပြိုင်ပွဲမှာ ဒုတိယပဲ ရတယ်ဆို"

"......"

ညနေ ထမင်းဝိုင်းမှာ အစပြုလိုက်သည့် ကြီးကြီး၏စကားကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်။ ကြီးကြီးက သူ့သုဝဏ္ဏအိမ်ကနေ သဲသဲတို့အိမ်ကို ရက်အနည်းငယ် လာနေတာဖြစ်သည်။ ကြီးကြီးကိုဆို တစ်မိသားစုလုံးက လေးစားကြသလို လက်လွတ်စပယ်လည်း မဆက်ဆံရဲကြ။

ဖေဖေကတော့ သဲသဲကို ကြီးကြီးက ထိန်းချုပ်လွန်းသည်ဆိုကာ ကြီးကြီးကို အမြင်မကြည်သလို ကြီးကြီးကလည်း ဖေဖေ့ကို သဲသဲအား အလိုလိုက်လွန်းသည်ဆိုကာ သဘောမကျ။

"အမြဲ ပထမရနေကျ ကလေးက ဘယ်လိုဖြစ်တာတုန်း ပထမရတဲ့သူထက် ကိုယ်က ဘာတွေ ညံ့ဖျင်းသွားလဲ ပြန်ဆန်းစစ်ပြီးပြီလား"

"အယောက် ၅၀ လောက် ဖြေကြတဲ့အထဲ ဒုတိယရတာနဲ့တင် ဟုတ်နေပြီကိုဗျာ သူလည်း အမြဲတမ်းတော့ ပထမ ဘယ်ရနေနိုင်ပါ့မလဲ လပတ်စာမေးပွဲတွေမှာ အဆင့်(၁)တွေ ယူပေးထားတာနဲ့တင် မမကြီးတို့က မလုံလောက်သေးဘူးလား"

"ဟဲ့ ငါက မင်းကို မေးနေတာ မဟုတ်ဘူး ကလေးကို မေးနေတာ"

"သား သင်္ချာဉာဏ်စမ်း ဝင်ပြိုင်တယ်ဆိုတာ အစထဲက ဆုလိုချင်လို့ ဝင်ပြိုင်တာ မဟုတ်ပါဘူး သင်္ချာမှာ ကိုယ့်ကိုယ်ကိုယ် အားမရလို့ challenge ယူတဲ့အနေနဲ့ ဝင်ပြိုင်ဖြစ်တာပါ အဲဒီတော့ ဒုတိယရတယ်ဆိုတာ ပထမရဖို့အတွက် ညံ့ဖျင်းလို့ ဒုတိယရတယ်လို့ မထင်ပါဘူး ဒုတိယရတယ်ဆိုတာ သားက သား စိတ်ထဲမှာ ထင်နေသလိုမျိုး သင်္ချာမှာ မညံ့ဘူးဆိုတာကို ကိုယ့်ဟာကိုယ် ပြန်ပြီး သက်သေပြလိုက်တာပဲလို့ ထင်ပါတယ်"

သဲသဲ စကားဆုံးတော့ ကြီးကြီးက သူ့ကို စေ့စေ့ကြည့်လာပြီး ခေါင်းငြိမ့်သည်။

"‌အေးပါ လေသံကတော့ မာနေတာပဲ ငါတို့ကလည်း ဒါမျိုးမှ ကြိုက်တာ ကိုယ့်အားနည်းချက်ကို သူများက ချနင်းထားရင်တောင် ဘယ်တော့မှ ပျော့ညံ့သွားတဲ့ပုံ မပြရဘူး ခုလိုပဲ ချက်ကျလက်ကျ ပြန်ချေပတတ်ရမယ် ကြားလား"

"ဟုတ်"

"မမကြီးရယ် သဲသဲက အခုမှ ၁၅နှစ်ရှိသေးတာ ဒီလို ဘဝသင်ခန်းစာတွေက နောင်ကျ သူ့အလိုလို တတ်သွားပါလိမ့်မယ် ခုချိန်ထိ‌တော့ ကလေးလို အပူအပင်မရှိ နေပါစေဦး"

Paper RingsWhere stories live. Discover now