အပိုင်း (၁၁)

639 85 2
                                    

(Unicode)

ကလင်ကလင်ကလင်။

အချိန်ပြည့်ခေါင်းလောင်းတီးသံသည် အလယ်တန်းဆောင်တစ်ခုလုံးကို လွှမ်းမိုးလို့သွား၏။ နေရာမှ ထချင်၍ ဖင်တကြွကြွဖြစ်နေသော ကျောင်းသားများကို အခန်းစောင့်ဆရာ၊ဆရာမများက ချော့တစ်ခါ ခြောက်တစ်လှည့်ဖြင့် နေရာတွင် သေချာ ပြန်ထိုင်ခိုင်းနေကြသည်။

"ငြိမ်ငြိမ်နေကြနော် Answer paper တွေတောင် မသိမ်းရသေးတာကို ဘာကို ထဖို့လုပ်နေကြတာလဲ ဘယ်သူမှ နင်တို့ကို နေပါဟဲ့ဆို ဆွဲမထားဘူး ပြီးရင် ထရမှာပဲကို အချိန်ခဏလေးတောင် မစောင့်နိုင်ကြဘူးလား ဘယ်လိုဖြစ်နေလဲ ငါ ထဆိုမှ ထ"

Answer paper များကို ခုံနံပါတ်အလိုက် သိမ်းယူပြီးသည့်နောက် အခန်းစောင့်ဆရာမက တစ်တန်းလုံးကို မျက်လုံးဝေ့ကြည့်လိုက်သည်။ သူ့ပါးစပ်အဖွင့်ကိုသာ စောင့်နေကြသည့် ကျောင်းသားတွေကို ကြည့်ပြီး တစ်ချက် ပြုံးလိုက်ကာ ထကြတော့ဆိုသည့် သဘောဖြင့် လက်ဟန် ပြလိုက်လေသည်။

"ဟေး!!!"

ဟေးခနဲ ကြွေးကြော်သံများသည် တစ်ခန်းပြီး တစ်ခန်း ပဲ့တင်သံများလို အသီးသီး ထွက်ပေါ်လာကြသည်။ စာမေးပွဲ နောက်ဆုံးနေ့၏ သမိုင်းဘာသာရပ်ကို အောင်မြင်စွာ ဖြေဆိုခဲ့ပြီးပြီ။ အတန်းတင်စာမေးပွဲကြီး ပြီးဆုံးခဲ့ပြီဖြစ်သည်။ ကျောင်းသားများအတွက် ရွှေအိုရောင်သန်းသော နွေရာသီကျောင်းပိတ်ရက်ရှည်လည်း စတင်ပြီဖြစ်လေသည်။

"ဒီနေ့ ရေမစိုရင် အိမ်မပြန်ဘူးကွ"

"ဟဲ့ လွယ်အိတ်မစိုစေနဲ့နော် လူကိုပဲ ပက်"

"ခေါင်းက လောင်းမချနဲ့လေ သေနာရဲ့"

"အား ငါ့ကို မပက်နဲ့လို့ အင်္ကျီအပို မပါပါဘူးဆိုနေ"

ဗရုတ်သုတ်ခ အသံဗလံများက စာသင်ခန်းတိုင်းမှာ ပြည့်နှက်လို့နေသည်။ ကျောင်းနောက်ဆုံးနေ့မှာ ရေလောင်းရမည်ဟူသော ဓလေ့ကို ဘယ်သူက စထွင်လိုက်သလဲမသိ။ ရေသန့်ဘူးများနှင့် အချင်းချင်း ရေပက်တိုင်း ဆော့ကစားနေကြသည်မှာ သင်္ကြန်ကျနေသည့်အလား။

"ဟဲ့ ကြည့်စမ်း ငါ့ကိုပါ ရေတွေ လာစင်ကုန်ပြီ အေး လာခဲ့ နင်တို့နှစ်ယောက် လာ အခုချက်ချင်း ဒီကို လာခဲ့စမ်း"

Paper RingsWhere stories live. Discover now