အပိုင်း (၁၉)

604 82 2
                                    

(Unicode)

ထိုင်နေကျ စာကြည့်တိုက်က ခုံသည် တစ်စုံတစ်ယောက်၏ နေရာဦးခြင်းကို ခံထားရသည်။ ထွန်းသော် မဟုတ်သည့် တစ်စုံတစ်ယောက်ဖြစ်သည်။ သူ မျက်မှောင်ကျုံ့လိုက်ကာ စိတ်ထဲက မတင်မကျ ခံစားချက်ကို လျစ်လျူရှုရင်း လွတ်သည့်နေရာမှာ ထိုင်ကာ စာလုပ်မည်ပြင်သော်လည်း အာရုံစိုက်မရ။ ဘောပင်ကို ကိုင်လိုက် ပြန်ချလိုက်ဖြင့် နာရီဝက်မျှကြာအောင် အတွေးများပြီးသည့်နောက်တွင်တော့ စာအုပ်များကို သိမ်းကာ စာကြည့်တိုက်အပြင်သို့ ထွက်လာခဲ့လိုက်သည်။

"အယ် နင် ဒီကို ဘာလာလုပ်တာလဲ စာကြည့်တိုက်မှာ စာလုပ်မှာမလို့ ဒီနေ့ ကလပ်ကို မလာနိုင်ဘူးဆို"

"စာကြည့်တိုက်မှာ အာရုံစိုက်လို့မရတာနဲ့ ဒီမှာပဲ စာလုပ်တော့မလားလို့"

"နင် ဒီမှာလဲ စာလုပ်လို့ မရလောက်ဘူး ဆရာမက အခုပဲ အငယ်တန်းတွေကို pop quiz တွေ ဖြေဖို့ ပေးသွားလို့ ကလေးတွေ ဦးနှောက်စားနေကြတယ်"

"ဟုတ်လား ဒါဆို အခန်းထဲပဲ ပြန်ရင်ကောင်းမလားမသိဘူး"

"နင့်စာက အရေးကြီးတဲ့ဟာလား စာမေးပွဲပြီးတာဖြင့် မကြာသေးဘူးကို ဘာစာလုပ်မလို့လဲ"

"သင်္ချာဉာဏ်စမ်းအတွက် ပုဒ်စာတွေ တွက်မလို့လေ"

"ဪ အဲဒါဆိုလည်း လုပ်ပါ ဒါမှမဟုတ် စိတ်အပြောင်းအလဲဖြစ်အောင် ငါနဲ့ လိုက်ခဲ့မလား"

"ဘယ်ကို လိုက်ခဲ့ရမှာလဲ"

"ဒီနေ့ ဘော်လီဘောကလပ်က friendly match ရှိတယ်လေ သွားကြည့်ရအောင် ငါ နေရည့်ကို လာကြည့်မယ်လို့ ပြောထားတာ သူက မုန့်ဝယ်ထားမယ်တဲ့"

အိန္ဒြေ၏ မဲဆွယ်ကောင်းမှုကြောင့် သူ့ခြေလှမ်းတို့သည် အားကစားရုံသို့ ဦးတည်ခဲ့ရ၏။ ဝင်ပေါက်ဝသို့ မရောက်ခင် ခပ်လှမ်းလှမ်းကပင် ဆူညံသံများကို ကြားနေရသည်က အားကစားရုံ၏ ကိုယ်ပိုင်အမှတ်တံဆိပ် တစ်ခုလို ဖြစ်နေသည်။

သူတို့ရောက်တော့ Score Board ဘေးမှာ ထိုင်နေသည့်နေရည်က ဟိုမှာထိုင် ဆိုသည့် သဘောမျိုးဖြင့် အရံခုံတန်းတွေကို လက်ညှိုးထိုးပြသည်။ ပွဲကြည့်သူကတော့ ဘော်လီဘောကလပ်က ကျောင်းသားတွေနှင့် သူတို့နှစ်ယောက်ကလွဲပြီး မရှိ။ ထိုင်ပြီး သိပ်မကြာခင်မှာပဲ နေရည်က ရောက်လာပြီး အအေးဘူးနှင့် Oishi မုန့်ထုပ်များကို လှမ်းပေးလာသည်။

Paper RingsWhere stories live. Discover now