အခန်း (၁၀)

394 40 20
                                    

"မမက ဒါ သက်သက် ညစ်တာ"

"အစ်မဂျန်းနီရဲ့ ဘတ်တီးရီးယားလေးဖြစ်ရတာ ပျော်ပါတယ်ဆို ဟမ် ။ အခုတော့ ပျော်ဦးလေ ဟားဟာ"

ဖုန်းစခရင်ထဲကနေ လျှာထုတ်ကာ ခေါင်းကို ဟိုစောင်းဒီစောင်းဖြင့် ချန်းစိတ်တို့ကို လာဆွနေသည့် သူငယ်ချင်းဖြစ်သူအား စိတ်ရှိတိုင်းသာဆို ထုရိုက်ပြီး ဆွဲလွှင့်ပစ်လိုက်ပြီ ။ အခုတော့ ကိုယ်ခြေကိုယ် ပြန်ချုပ်ထားမိသည်မို့ ထွက်လာသော ဒေါသများအား အတင်းမျိုသိပ်ကာ အံကြိတ်၍ပင်

"လာလီဆာ ၊ ကျောင်းဖွင့်တဲ့နေ့ကတော့ နင် ကမ္ဘာပေါ်မှာ နောက်ဆုံး အသက်ရှူရမဲ့နေ့ပဲ"

"ကျောင်းဖွင့်တဲ့နေ့အထိ နင်ပဲ အရင် အသက်ရှင်အောင် လုပ်ပါဦး သူငယ်ချင်းလေးရေ ။ ငါတို့ကတော့ မနက်ခင်း စာလုပ်ပြီးပြီမလို့ အေးအေးဆေးဆေး အနားယူလိုက်ပါဦးမယ် ။ ဘိုင့်ဘိုင်နော် အချစ်ကလေး ၊ ငါ့ကြောင့် စာလုပ်ချိန်တွေ လျော့သွားမှာစိုးလို့ ။ ဖိုက်တင်း ကြိုးစားထား မွ"

ဖုန်းစခရင်ထဲပေါ်လာသည့် နှုတ်ခမ်းကြီးကြောင့် ချန်းမျက်နှာကြီး ရှုံ့မဲ့သွားတာ မှန်သွားကြည့်စရာမလို ။ လီဆာက ပြောချင်ရာပြောပြီး တဟားဟားရယ်ကာ ဖုန်းချသွားပြီဖြစ်သဖြင့် တနုံ့နုံ့တွေးရင်း ဒေါသဖြစ်ကျန်ခဲ့သူက ချန်းရယ်သာ ။ ဖုန်းကို အိပ်ရာပေါ် ပစ်ချလိုက်ရင်း ကိုယ်ကို လူးလှိမ့်ပစ်လိုက်ကာ မကျေမနပ်ဖြင့်ပင် နှုတ်ခမ်းစူနေမိ၏ ။

"တစ်ပတ်လေး လာအိပ်ရလို့ အနားကပ်ရမယ် မှတ်ပါတယ် ။ ဘယ့်နှယ် အနီးကပ်ဂိုက်ဆိုတာနဲ့ တိုးရတယ်လို့ ၊ အံ့ဩဘ ဟူး"

"ဘာတွေ ရေရွတ်နေတာလဲ"

"မမ !"

တံခါးမခေါက်ဘဲ ဝင်လာသည့်မမကြောင့် ကိုယ့်လိပ်ပြာကိုယ် မလုံသွားသည့် ချန်းဟာ ငေါက်ခနဲ ထထိုင်ရင်း အိုးတိုးအမ်းတမ်းဖြစ်သွားလေသည် ။ မမက သူ ဖတ်လက်စ စာအုပ်တစ်အုပ်ကို လက်၌ ညှပ်ထားကာ တံခါးကို မှီ ၊ လက်ပိုက်ရင်း ချန်းကို ကြည့်နေလေ၏ ။

"တံခါးလေး ဘာလေး ခေါက်တာတော့ မဟုတ်ဘူး"

"ကျွန်မ ခေါက်စရာမှ မလိုဘဲ ။ ရှင့်တံခါးက ပွင့်နေတာလေ"

မမWhere stories live. Discover now