အခန်း (၂)

221 30 2
                                    

"မေမေ သွားပြီနော်"

ရှူးဖိနပ်ကို အတင်းကောက်စွတ်လိုက်ရင်း ချန်း မေမေ့ကို ခပ်သွက်သွက် နှုတ်ဆက်လိုက်သည် ။ လက်ပတ်နာရီက အချိန်ဟာ ပုံမှန်ထက် မြန်မြန်လည်နေသယောင် ရှိသည် ။ မနေ့ညက နောက်ကျမှ အိပ်ပျော်သည်မို့ ဒီနေ့မနက် ကတိုက်ကရိုက်ဖြစ်နေရသူဟာ ချန်းဆိုမှ ချန်းပါပင် ။ မမတစ်ယောက်တော့ နှုတ်ခမ်းစူနေပေရော့မည် ။

"မမ"

ပထမလမ်းသွယ်ကလေးကို မကျော်သေးမီပင် ဘေးလွယ်အိတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ရင်း မျက်နှာထားတည်တည်ဖြင့် လမ်းလျှောက်လာသော မမကို တွေ့ရလေသည် ။ ချန်း ကိုယ်ရှိန်သတ်လိုက်ကာ မမဘေးနား သွားရပ်၏ ။

"မနေ့ညက နောက်ကျမှ အိပ်ပျော်လို့"

"ချန်း"

"ဟုတ်ကဲ့ မမ"

"အဲဒါက ပို ပိုဆိုးလာတယ် မထင်ဘူးလား"

"ဘာကိုလဲ ဟင်"

"မင်း အိပ်မပျော်တတ်တာလေ"

မမတစ်ယောက် ကျောင်းချိန်နောက်ကျလို့ ချန်းကို ဆူတော့မည် ထင်ထားသော်လည်း ဆူမည့်အစား ထိုရင်တုန်လှုပ်စရာ စကားလုံးကလေးများကို ပြောလာသဖြင့် ချန်း အနည်းငယ် ရှက်သွေးဖြာလာသည် ။ ကိုယ့်ဘက်က မရိုးရသူမို့ မမ ဘာရယ်မဟုတ် ပြောလိုက်သည့် စကားတစ်ခွန်းဟာ ချန်းဘက်ကို အတော်သက်ရောက်မှုကြီးသည်လေ ။

"အဲဒါက ပုံမှန်လို ဖြစ်နေပါပြီ မမရဲ့"

"အင်္ဂလိပ်ဆောင်းပါးတစ်ပုဒ်မှာ အိပ်မပျော်တဲ့ရောဂါကို အင်ဆူးမီးယားလို့ ခေါ်တယ်လို့ ဖတ်ဖူးတယ် ။ သူက ပုံမှန်မဟုတ်ဘဲ တစ်ခါတလေမှဆိုရင် ပြဿနာမရှိပေမဲ့ အိပ်မပျော်တာ ပုံမှန်လို ဖြစ်သွားပြီဆိုရင် ဆရာဝန်နဲ့ သေချာပြရမယ်လို့ ရေးထားတယ်"

ချန်း မသိမသာ သက်ပြင်းကလေး ချလိုက်မိသည် ။

"ဟေး သက်ပြင်းတွေ ခိုးချမနေနဲ့ ။ မမကို နားပူတယ်လို့ ထင်လည်း မတတ်နိုင်ဘူး ။ မင်းကျန်းမာရေးအတွက် မမ ပြောနေတာ"

"မမဆရာဝန်ဖြစ်မှ ချန်း မမဆီ လာခဲ့မယ်လေ ။ ရတယ်မလား"

"မင်း နောက်နေတာလား"

မမWhere stories live. Discover now