အခန်း (၉)

234 36 4
                                    

"ချန်း ၊ မင်း ကျောင်းမသွားတော့ဘူးလား"

အိမ်အပေါ်ထပ်မှ ဆင်းလာတော့ မေမေက သူ့ကို အခုထိ အခန်းထဲမှာပင် ရှိသေးသည် ထင်နေသဖြင့် လှမ်းအော်လေသည် ။ မနေ့ညက စာကြည့်နောက်ကျသွားတာကြောင့် အိပ်ရာထနောက်ကျနေခြင်း ဖြစ်၏ ။ မမက စာမေးပွဲနီးပြီမို့ ကျောင်းကို စောစောသွားနေရပြီဖြစ်၍ ‌အရင်ကလို မနက် နောက်ကျမှထမိ၍လည်း စိတ်ပူစရာမလို ။ သို့သော် မနက်စောစော မမမျက်နှာကလေး မြင်ရမည့်အခွင့် ဆုံးရှုံးရသည်ကတော့ အတော်ကို ဆိုးရွားလေသည် ။

"မနေ့ညက နောက်ကျမှ အိပ်ပျော်လို့ ဖေဖေ"

မနက်စာစားဖို့ မိဘနှစ်ပါးက သူ့ကို ပြန်စောင့်နေရသဖြင့် ချန်း မျက်နှာချိုသွေးကာ ပြောလိုက်မိသည် ။ အခုတလောပိုင်း စာမေးပွဲအကြောင်းပြ၍ ချန်း ဖေဖေ့စာရွက်စာတမ်းများနှင့် ကင်းရှင်းနေရလေသည် ။ မေမေကလည်း အလုပ်မခိုင်းဖို့ တားမြစ်ထားသဖြင့် ချန်းမှာ ဒီရက်ပိုင်း အနည်းငယ် ပေါ့ပါးနေသလို ခံစားရ၏ ။

"အိပ်ချိန်ကို မထိစေနဲ့လေ ။ မကောင်းဘူး"

"မေမေကလည်း ဒီနေ့တစ်နေ့တည်းပါ ။ ချန်း ဘယ်တုန်းက အိပ်ရာထ နောက်ကျဖူးလို့လဲ"

တကယ်က မမ စောင့်နေရမည်စိုး၍သာ အိပ်ရာစောစော ထခဲ့သော နေ့ရက်များပင်တည်း ။ ကိုယ့်အတိုင်းသာဆို နဂိုကတည်းက အိပ်မပျော်တတ်သည်မို့ မနက်လင်းခါနီးမှ မှိတ်ကျတတ်သော မျက်လုံးများက နေ့တိုင်း အိပ်ရာထနောက်ကျစေမည်မှာ မလွဲ ။

"မေမေ ချန်း ပြောဖို့မေ့နေတာ ။ အခုမှ သတိရတယ်"

"စကားပလ္လင်တွေ ခံမနေနဲ့ရှင် ၊ ဘာပြောချင်တာလဲ"

ကြည့် ကြည့် ၊ မေမေနှင့် မမဟာ အမြဲ တစ်လေသံတည်း ။ ချန်းက ဘာမှမလုပ်ရသေး ၊ နှစ်ယောက်စလုံးက အကုန်သိပြီးနေသည့်ပုံနှင့် စကားပြောတတ်သည် ။ ချန်း ထမင်းကို တူဖြင့် တစ်လုပ်ညှပ်သွတ်လိုက်ကာ

"ဒီနေ့ညကစပြီး အိပ်မှာ မအိပ်တော့ဘူး"

"လာပါပြီ မင်း သမီးကတော့ ဇာတ်လမ်းစပြီ"

ဖေဖေက ကော်ဖီကို တစ်ကျိုက်မော့ရင်းမှ မေမေ့ကို စသလိုလို နောက်သလိုလို လှမ်းပြောလေသည် ။ ဖေဖေနှင့်က ငယ်ငယ်က ရင်းနှီးသလောက် ကြီးမှပင် သိပ်မကပ်ဖြစ်တော့သည်မို့ ဒီလို စသံနောက်သံကို ကြားရတာ ချန်းစိတ်များကို ပိုမြူးထူးစေ၏ ။ ဖေဖေ့မျက်စိရှေ့မှာ ပျော်ပျော်ရွှင်ရွှင် ပြေးလွှားဆော့ကစားနေသော ကလေးတစ်ယောက်ကဲ့သို့ ဖျပ်ခနဲ ခံစားလိုက်ရသဖြင့်လည်း ကျေနပ်မိသည် ။

မမWhere stories live. Discover now