အခန်း (၈)

249 33 6
                                    

"တော်တော့ ဂျန်းနီ !"

ချန်း မျက်ရည်များစက်များဖြင့် သူ့ကို အော်ပြောလိုက်မိသည် ။ စိတ်အခြေ‌အနေဟာ သူ့ထိုစကားတစ်ခွန်းကြောင့်ပင် ဟိုးအောက်ဆုံးအထိ ထိုးဆင်းသွားလေသည် ။ အစကတော့ တခြား အကြောင်းတစ်ခုခုကြောင့် မလာခဲ့တာပါဟု တွေးနေမိခဲ့သော်လည်း သူ ပြောလိုက်သည့် အရာကြောင့် ချန်းဝမ်းနည်းစိတ်တွေ အကုန်လုံးဟာ ဒေါသအဖြစ်ကို ပြောင်းလဲသွား၏ ။ ထို့နောက် သူ့ကို မယုံနိုင်ခြင်း ၊ ကိုယ့်ကိုယ်ကိုယ် ဒေါသဖြစ်မိခြင်းတို့သည် ချန်းဆီ တစ်ဟုန်ထိုး ဝင်ရောက်လာကာ သူ့ဆီက ထွက်ပြေးစေတော့သည် ။

"ချန်း !"

ချန်း သူနှင့်ဝေးရာကနေ ထွက်ပြေးလာမိတော့ မကြာလိုက် ၊ ခပ်ဆတ်ဆတ်ခေါ်သံဟာ သူ့ဘေးနားရောက်လာသည် ။ ချန်း အကျယ်ကြီး အော်ငိုပစ်လိုက်ချင်သည် ။ မမအတွက် ထိုပြိုင်ပွဲက ချန်းထက် ပိုအရေး‌ကြီးနေသလား ။ မမကို အဲဒီအသင်းထဲက တစ်ယောက်နဲ့ စကားမပြောပါနဲ့လို့ ပြောထားတဲ့ ကိုယ့်စကားဟာ အရာမဝင်လေဘူးလား ။ မမအတွက်တော့ ချန်းသည် မသိနားမလည်သည့် ညီမလေးတစ်ယောက်ထက်ပင် ပိုမနေဘူးလား ။ ထိုသို့ အားငယ်စိတ်များသည် ချန်းမျက်ရည်များကို ဝင်မွှေ့လိုက်သလိုပင် ရှိသဖြင့် ချန်းသည် အသံတိတ်၍သာ သူ့ခေါ်သံကို လျစ်လျူရှု၍ လမ်းဆက်လျှောက်နေမိသည် ။ မျက်ရည်တို့သည်ကား သူ့ပါးပြင်အနှံ့ စိုစွတ်လျက်။

ထို့နောက် ဒေါသသည် သူ့ထံ တစ်ဖန်ပြန်ရောက်လာသည် ။ ထိုမိန်းမကို ဒေါသထွက်ခြင်းမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ်သာ ဒေါသထွက်မိခြင်း ဖြစ်၏ ။ ဒီလိုတွေ ဖြစ်လာမယ်မှန်း ကြိုသိခဲ့သဖြင့် သူ့အနားမှာ နေနေရတာပဲ ကံကောင်းတယ် ၊ သူ့ကို မပိုင်ဆိုင်ချင်မိစေနဲ့ဟု ကိုယ့်ကိုယ်ကိုယ် တဖွဖွ သတိပေးထားပါသော်လည်း လက်တွေ့တွင် သူမဟုတ်သည့် လူတစ်ယောက် ၊ အထူးသဖြင့် ယောကျာ်းတစ်ယောက်နှင့် ပြောဆိုပတ်သက်နေခြင်းကို ချန်း လက်ခံမပေးနိုင် ။ သူ့ကို ချန်းတစ်ယောက်သာ ပိုင်ဆိုင်ချင်မိသော အတ္တမမည်သည့် အချစ်စိတ်သည် ချန်းကို အခုတော့ နာကျင်အောင် ပြုလုပ်နေပေပြီ ။ ထိုထက်ပို၍ စဉ်းစားလိုက်လျှင်လည်း ချန်းအပိုင်မဟုတ်ဟူသော အမှန်တရားက ချန်းကို ပိုတိုး၍ နှိပ်စက်ရုံသာ ရှိတော့သည် ။ တကယ့်တကယ်တော့ ချန်းသည် မမအတွက် အဲဒီလောက်အထိ အရေးပါနေတဲ့ သူလည်း မဟုတ်သလို မမကို ဘယ်သူနှင့် မပတ်သက်ပါနဲ့ ၊ ဘယ်သူနှင့် မပေါင်းပါနဲ့ဟုလည်း ပြောဆိုနိုင်ခွင့် ရှိသူ မဟုတ်ပေ ။ ထိုအမှန်တရား ၊ ထိုပညက်ချက်တို့သည် ချန်းအား ကိုယ့်ဖြစ်တည်မှုကိုယ် ပို၍သာ ဒေါသထွက်စေတော့သည် ။

မမWhere stories live. Discover now