အခန်း (၃)

239 32 2
                                    

ကြမ်းပြင်ကို ရှူးဖိနပ်ပွတ်ဆွဲသံများ တကျွီကျွီပင် ဆူညံနေလေသည် ။ ဘောလုံးပုတ်သံ ၊ အော်သံဟစ်သံတို့ဖြင့်လည်း သူတို့၏ မိန်းကလေး အားကစားခန်းမသည် ဆူညံပွက်လောရိုက်နေတော့၏ ။

"လီဆာ"

"အမှတ်ယူ ချန်း !"

"မြင့်မြင့်လေး တို့စ်ပေး !"

ဘုန်းခနဲ ဘောလုံးရိုက်ချသံနှင့် ဘောလုံး ကြမ်းပြင်ကို ထိသံဟာ တစ်ဆက်တည်း ပေါ်ထွက်လာလေသည် ။ လှုပ်ရှားနေသော အသံများ ရပ်တန့်သွားသည် ။ နာရီဝက်ကျော် မရပ်မနားကစားခဲ့ကြသည်မို့ သူတို့အကုန်လုံး မောဟိုက်နေကြပြီ ဖြစ်လေသည် ။

"ဟုတ်ပြီ အားလုံး ခဏနားရအောင်"

ကပ္ပတိန်အသံကို ကြားမှ သူတို့အားလုံး နေရာမှာပင် ဘုန်းခနဲ ပစ်ထိုင်လိုက်ကြတော့သည် ။ ရှုံ့တွနေသော မျက်နှာနှင့် လီဆာက ချန်းကို တဘက်လှမ်းတောင်းလေသည် ။

"နင်တောင်းတဲ့တို့စ်က မမြင့်လွန်းဘူးလား ချန်း"

"ဘလော့လုပ်လာမှာကို ကျော်ဖြတ်ဖို့ တစ်ခုတည်းသော နည်းလမ်းက မြင့်မြင့်ခုန်ဖို့ပဲလေ လီဆာ ။ ငါ အခုအမြင့်ကို နည်းနည်း ထပ်တိုးချင်သေးတယ်"

သူ့ချွေးများကို တဘက်တစ်ထည်ဖြင့် ဆွဲယူသုတ်လိုက်ပြီးနောက် ချန်းပေါင်ပေါ်သို့ လာခေါင်းခုသော လီဆာက ဆက်၍ ပြောသည် ။

"ဒီထက်ပိုမြင့်မယ်ဆိုရင် နင် ဟန်ချက်ကောင်းကောင်း ထိန်းနိုင်မှ ရမှာ ။ မဟုတ်ရင် ပြန်ကျရင် ထိခိုက်မိလိမ့်မယ်"

"မလေ့ကျင့်ဘဲတော့ ဘယ်ရမလဲ လီဆာရဲ့ ။ ဒီလိုပဲ တဖြည်းဖြည်း လေ့ကျင့်ရမှာပေါ့ ။ နင့်တို့စ်တွေကိုလည်း ငါ့ဆီ တိတိကျကျလေး ပေးနိုင်ဖို့ တွဲလေ့ကျင့်မှ ရမှာ"

"ချန်းနဲ့ လီဆာက ဘော်လီဘောကို အတော်သဘောကျတာပဲနော်"

တတိယနှစ် စီနီယာတစ်ယောက်ဖြစ်သူ လူကောင်သေးသေး မျက်လုံးမှေးမှေးနှင့် အစ်မဆူးလ်ဂီက သူတို့နှစ်ယောက်ထိုင်နေသော အနားသို့ တိုးလာ၍ စကားဝိုင်းထဲ ဝင်လာလေသည် ။ လီဆာသည် ချန်းပေါင်ပေါ်တွင် ခေါင်းခုနေရာမှ ထထိုင်ကာ စီနီယာဆူးလ်ဂီ၏စကားကို တုံ့ပြန်ဖို့ ကြိုးစား၏ ။

မမWhere stories live. Discover now