အခန်း (၅)

152 23 4
                                    

"ဂျူယောင်း ၊ မင်း serve တွေကို ဒီထက် အရှိန်နည်းနည်း ပြင်းပေးလို့ရမလား"

"ဟုတ်ကဲ့ ဆမ်"

"အိုခေ ဒါဆို နောက်တစ်ပွဲ နေရာချိန်းမယ်"

နည်းပြစကားသံနောက် သူတို့အကုန်လုံး ကွင်းဟိုဘက်ဒီဘက် နေရာချိန်းလိုက်ကြသည် ။ နွေဦးအကြိုပြိုင်ပွဲဟာ တဖြည်းဖြည်း နီးကပ်လာသည်မှာ မကြာ ၊ တစ်လသာ လိုတော့သည့်အချိန်အထိ ရောက်လာပြီမို့ သူတို့အကုန်လုံး လေ့ကျင့်ရေးကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေကြရ၏ ။ လီဆာနှင့် ချန်းသည် ကွင်းတစ်ဘက်တစ်ချက်တွင် နေရာယူ‌ကြရင်း နှစ်ယောက်သား အကြည့်ချင်း စကားပြောနေကြလေသည် ။

ချန်းသည် သူ ဒီရက်ပိုင်းအတွင်း နည်းနည်း နည်းနည်း လေ့ကျင့်ထားသော အမြင့်ကို ခုန်ကာ လီဆာ ဘ‌‌လော့လုပ်လာမည်ကို ကျော်ပစ်မည်ဟု ပြောနေသယောင်ရှိပြီး ကွင်းတစ်ဘက်က လီဆာသည်လည်း ချန်း ခုန်သည်နှင့် ဘောလုံးကို ပြန်ရိုက်ချနိုင်ရန် အသင့်စောင့်နေသယောင်ရှိသည် ။ ထို့နောက် နည်းပြဖြစ်သူ၏ ဝီစီမှုတ်သံနောက် သူတို့အကုန်လုံး တက်တက်ကြွကြွဖြင့်ပင် ‌ပြိုင်ပွဲကို စခဲ့ကြလေတော့သည် ။

"ချန်း အရှိန်လျှော့မယ်"

နည်းပြဖြစ်သူက ကွင်းဘေးမှနေ၍ လှမ်းအော်လိုက်သံကို ချန်း ကြားသော်ငြား သူ့ခြေထောက်တွေကို အရှိန်လျှော့၍ မရ ။ သုံးမှတ်အကွာဖြစ်လာသော အမှတ်ကြောင့် ဘောလုံးကို ရိုက်ချချင်စိတ်သာ များနေလေသဖြင့် ဘောလုံး သူ့အတွက် လေပေါ်မြောက်အလာကိုသာ ကွင်းနောက်ဘက်မှ ပြေးလာ၍ အသင့်စောင့်နေမိတော့သည် ။ ထို့နောက် ကပ္ပတိန်ဖြစ်သူထံမှ တို့စ်ရသောအခါ ချန်းသည် သူ လေ့ကျင့်ထားသော အမြင့်ကို ခပ်မြန်မြန်ပင် ခုန်ကာ ဘောလုံးကို ရိုက်ချလိုက်တော့သည် ။

ဘုန်းခနဲ မြည်သံကျယ်ကြီးကို ကြားလိုက်ကြရပြီးနောက် ထပ်ဆင့်ပင် မြည်သံတစ်ချက်ကို ထပ်ကြားလိုက်ကြရလေသည် ။ ဝီစီမှုတ်သံကိုလည်း ကြားလိုက်ရပြီး အမှတ်ရေနေသော မန်နေဂျာအစ်မ အလံကို ကိုင်မြှောက်ပြတာ ၊ လီဆာ သူ့ဆီ ပြေးလာတာကို ချန်း မြင်လိုက်ရသည် ။

မမWhere stories live. Discover now