အခန်း (၁၁)

242 37 15
                                    

အငွေ့တထောင်းထောင်းထနေသော ဟင်းရည်ခွက်ထဲ ဇွန်းတစ်ချက်နှစ်ရင်း အကြည့်က အရှေ့တွင် ထမင်းကိုသာ ငြိမ်သက်စွာ စား‌နေသော မမဆီ ။ ပုံမှန်မဟုတ်သော ထမင်းဝိုင်းကို ဖေဖေရော မေမေရောက တိတ်တဆိတ်ပင် အကဲခတ်နေကြလေ၏ ။ ချန်းကတော့ လမ်းပျောက်နေသည့် ယုန်သူငယ်ကလေးလို ။ မမတစ်ယောက်လေ အဲဒီကိစ္စက ဒီလောက်ကြီးလည်း စိတ်ဆိုးစရာမဟုတ်ဘဲ ချန်းကို စကားမပြောတော့တာ ဒီနေ့မနက်အထိပါပဲ ။ ဒါမျိုးကျ ချန်း တစ်မျိုးထင်ချင်စရာ ကောင်းမလာဘူးလား ပြော ။

"သမီး ကျောင်းသွားပါတော့မယ် ဦးလေးနဲ့ ဆရာမ"

"ဪ အေး သမီး ။ စာသင်ချိန် စောစောရှိလို့လား"

"ဟုတ်ကဲ့ ဆရာမ"

မမက ထမင်းကို ကုန်အောင်မစားဘဲ ဧည့်ခန်းထဲက ခုံပေါ် ပစ်ချထားသော သူ့လွယ်အိတ်ကို ဆွဲယူကာ လှစ်ခနဲ ထွက်သွားလေသည် ။ ချန်းသည် ထမင်းလိပ်တစ်ခုနှစ်ခုကို တူဖြင့် ဆက်တိုက်ညှပ်၍ ပါးစပ်ထဲသွင်းလိုက်ကာ လွယ်အိတ်ကိုအမြန်ယူ ၊ ဖေဖေနှင့် မေမေကို အမြန်နှုတ်ဆက်၍ ထိုအမျိုးသမီးနောက် အမီလိုက်ရတော့သည် ။

"မင်းမမကို ရအောင်ချော့ခဲ့နော်"

အနောက်မှ ရယ်သံစွက်နေသော မေမေ့စကားသံကြောင့် ချန်း အိမ်တံခါးမှပင် "ဟုတ်ကဲ့" ဟု အသံကျယ်ဖြင့် ပြန်ဖြေလိုက်သည် ။ မေမေက သူတို့နှစ်ယောက်အကြောင်း ကောင်းကောင်းသိသည် ။ ပုံမှန်ဆို ထမင်းဝိုင်းတွင် ချန်းတစ်ယောက် ဆူညံနေတတ်ကာ မမကို ပေါက်ပေါက်ဖောက်သလို စကားတွေ ပြောနေလေ့ရှိသဖြင့် ယခုလို ငြိမ်သက်နေသည့်အချိန်က အံ့ဩစရာကောင်းသည်ကိုး ။ မေမေ လွယ်လွယ်ရိပ်မိတာ မဆန်းပါလေ ။

"မမ"
"မမလို့"

"ဘာလုပ်တာလဲ မင်း"

အတင့်ရဲစွာနဲ့ လက်သေးသေးလေးတွေ သွားဆုပ်မိတော့ နှုတ်ခမ်းကိုက် ကြည့်လာလေသည် ။ ဒိန်းခနဲ ဆောင့်တက်သွားသည့် နှလုံးခုန်နှုန်းက အဲဒီနှုတ်ခမ်းပါးလေးကြောင့် မဟုတ်ရင် ဘာကြောင့်ဖြစ်ဦးမလဲ ။ တစ်ဆက်တည်း ခေါင်းထဲရောက်လာတာက ကိုယ့်ကိုယ်ကိုယ် မမရဲ့ပိုင်ရှင်ဟု ထင်မြင်လာမိခြင်းပင် ဖြစ်၏ ။ မခက်ပေဘူးလား ၊ ဒီလို ပိုင်စိုးပိုင်နင်းနဲ့ ချန်းကို စိတ်ကောက်နေရင် ချန်းအတွက် မခက်ပေဘူးလား ။

မမWhere stories live. Discover now