{တစ်ကျော့ပြန်}
အပိုင်း(၈)
ဒီနေ့မနက်တော့အကုန်လုံးစောစောနိုးနေကြသည်ဘုန်းကြီးကျောင်းကိုပစ္စည်းတွေသွားပို့ကြရမည်ဖြစ်သောကြောင့်
ရွာဘုန်းကြီးကျောင်းနဲ့အိမ်နဲ့ကမဝေးပေနီးတာကြောင့်ပိုအဆင်ပြေသွားသည်
ရွာထဲက ကလေး၊လူကြီးကအစအားတက်သရောလုပ်အားပေးကြတာမို့ဒေါ်ခက်ခက်တို့အားလုံးဝမ်းသာကြရသည်"...ကဲ့ ဒါဆိုဘုန်းကြီးကျောင်းသွားကြရအောင်ဟေ့ ဟိုမှာဟင်းချက်မဲ့အဖွဲ့ရောက်နေလောက်ပြီ.."
ဒေါ်နုစကားဆုံးတာနဲ့အားလုံးနိုင်သလောက်စီသယ်ယူပြီးဘုန်းကြီးကျောင်းသို့ထွက်ခဲ့ကြသည်ဘုန်းကြီးကျောင်းရောက်တော့ပစ္စည်းတွေချထားပြီး ကျောင်းထိုင်ဆရာတော်ကိုဖူးမြှော်ရန်ကျောင်းပေါ်သို့တက်ခဲ့ကြသည်
ကျောင်းပေါ်ရောက်တာနဲ့ဘုရားအားအရင်ဦးချပြီး ဆရာတော်အားဦးချကန်တော့လိုက်ကြသည်"...ဆရာတော်ဘုရား လိုအပ်တာတွေရှိရင်တပည့်တော်တို့ကိုအချိန်မရွေးပြောပါဘုရား.. "
"...ဒကာတို့၊ဒကာမတို့ကခုလိုတစ်နယ်တစ်ကြေးကိုတကူးတကလာလှူတာကိုပဲဘုန်းဘုန်းဝမ်းမြောက်လှပါပြီ.."
တင်ပါ့ဘုရား ထို့နောက်မေမေတို့ဆရာတော်နဲ့စကားပြောနေတုန်းခတ္တာနဲ့ကိုကိုကအောက်ထပ်ကိုပြန်ဆင်းလာခဲ့ပြီးကျောင်းအနှံ့လျှောက်ကြည့်နေလိုက်သည်
"...ကျောင်းလေးက ကျယ်ဝန်းပြီးအေးချမ်းလိုက်တာနော် ရွာသူရွာသားတွေကလည်းစိတ်ထားကောင်းကြတယ်.."
ခတ္တာတစ်ယောက်ကိုကို့စကားကြောင့်ပြုံးပြီးခေါင်းငြိမ့်ပြလိုက်သည်
"...ခတ္တာရေ ခတ္တာ.. "
ခတ္တာခေါ်သံကြောင့်နောက်လှည့်ကြည့်တော့အန်တီနုကလှမ်းခေါ်နေတာပင်
"...ဘာဖြစ်လို့လဲ တီနု.."
ဟိုမှာဟင်းချင်ဖို့လုပ်နေကြပြီအဲ့တာလာဝိုင်းလုပ်ကူလိုက်အုန်း
"..ဟုတ် လာပြီ တီနု.."
ခတ္တာလည်းတီနုနောက်လိုက်ဖို့ပြင်နေတုန်းကိုကိုမှ့လက်ကိုရုတ်တရက်ဆွဲလာလေသည်
ခတ္တာကမျက်လုံးပြူးလေးနဲ့ပြန်ကြည့်တော့ကိုကိုက
YOU ARE READING
တစ်ကျော့ပြန်
RomanceUni/Zawgyi Start Date-22/3/2024 End Date-22/4/2024 စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ (ပထမဆုံးရေးသားခဲ့တဲ့Ficလေးဖြစ်တာကြောင့်မသေမသပ်အရေးသားလေးတွေကိုသည်းခံခွင့်လွှတ်ပေးကြပါရှင့်)