{တစ်ကျော့ပြန်}
အပိုင်း(၂၁)
ဒီနေ့တော့အလုပ်ပြန်ဆင်းပြီမို့ခတ္တာလည်းကိုကိုနှင့်အတူCompanyသို့စောစောထွက်လာခဲ့လိုက်သည်
ခတ္တာတို့ကားလေးဟာလည်းSA Companyရှေ့ရောက်တာနဲ့ထိုးရပ်သွားသည်မို့ကားပေါ်ကဆင်းလာခဲ့ ကြသည်
ရုံးခန်းသို့သွားနေရင်းလမ်းတစ်ဝက်၌ခတ္တာနှင့်ဟိုတစ်ခါစုံဖူးတဲ့ စိုင်းသူရ ဆိုတဲ့ကောင်လေးကိုတွေ့လိုက်ရသည်မို့နှုတ်ဆက်လိုက်လေသည်
"...ဟယ် မောင်လေးစိုင်းသူရ ရောက်တာကြာပြီလား.."
သူရလည်းခေါ်သံကြောင့်ကြည့်လိုက်တော့ဟိုတစ်ခါကအစ်မချောချောလေးပင်
"..ဟုတ် နည်းနည်းတော့ကြာနေပြီအစ်မ.."
အာဏာ ခတ္တာနဲ့စကားပြောနေတဲ့ကောင်လေးကိုမျက်မှောင်ကြုံ့ပြီးကြည့်နေတုန်းနောက်ပါးဆီမှခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့
"...မောင် ကျော့လွမ်းလို့.."
အာဏာလည်းသူ့လက်မောင်းကိုလာဖက်ပြီးချွဲနေတဲ့ကျော့အားပြုံးရင်း
"..ေမာင်လည်းလွမ်းနေတာမောင့်အသဲလေး လာ အထဲသွားရအောင်.. "
ပြောရင်းကျော့အားခေါ်ပြီးရုံးခန်းးထဲသို့ဝင်လာခဲ့သည်
ခတ္တာလည်းကိုကိုတို့ထွက်သွားတာကိုငေးကြည့်နေရင်း
"...အစ်မ. အစ်မအားရင်နောက်နေ့ကျွန်တော့်အိမ်ထမင်းစားဖိတ်လို့ရလားဗျ.."
"..ဟမ်း အော်ရပါတယ် မောင်လေးရဲ့အားနာစရာကြီး.."
"..မဟုတ်တာ အစ်မကလည်းကျွန်တော်ကခင်မင်ရင်းနှီးချင်လို့ဖိတ်တာပါဗျ.."
ခတ္တာလည်းဆက်ငြင်းနေမထူးတော့တာမို့ခေါင်းငြိမ့်ပြလိုက်ပြီးသဘောတူလိုက်သည်
စိုင်းသူရနဲ့စကားပြောပြီးခတ္တာလည်းရုံးခန်းဆီပြန်လာခဲ့တော့ မြင်ရတဲ့မြင်ကွင်းက ရင်ကိုရေနွေးပူနဲ့ပတ်လိုက်သလို
အခန်းတံခါးမပိတ်ပဲ မိုးမမြင်လေမမြင်ချစ်ကြည်နူးနေတဲ့ကိုကိုနဲ့မကျော့တို့ကို ခတ္တာကြောင်ကြည့်နေမိသည်
YOU ARE READING
တစ်ကျော့ပြန်
RomanceUni/Zawgyi Start Date-22/3/2024 End Date-22/4/2024 စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ (ပထမဆုံးရေးသားခဲ့တဲ့Ficလေးဖြစ်တာကြောင့်မသေမသပ်အရေးသားလေးတွေကိုသည်းခံခွင့်လွှတ်ပေးကြပါရှင့်)