{တစ်ကျော့ပြန်}
အပိုင်း(၃၆)
အာဏာတို့လည်း၁ပတ်လောက်ကြာပြီးတဲ့နောက်အိမ်ကိုပြန်လာခဲ့လေသည် ကားမောင်းလာရင်းဘေးနားကချစ်ဇနီးလေးတစ်ဖွဖွကြည့်နေလျှက်
"ကိုကို့ကလေးငယ်လေး"
ကိုကို့အသံကြောင့်ခတ္တာ ကီနိုနဲ့စကားပြောနေရင်းလှည့်ကြည့်ပြီးမေးငေါ့ပြလိုက်သည်
"ချစ်တယ်"
"အရူး တဏှာရူး နှာဘူး"
"ဟာ.....ပြောရက်လိုက်တာကွာ"
ခတ္တာလည်းကီနိုပြောတာတွေကိုဖတ်နေသည်ကျော့သီရိခိုင်ခိုင်းတဲ့မင်းခဆိုတဲ့လူမှာအမေတစ်ယောက်ပဲရှိတော့သည်တဲ့သူအမေကသူ့သားကိုလူလိမ္မာလူရိုးလူအေးလေးလို့ထင်နေပုံရသည်တဲ့ ဆိုတော့သူ့အမေနဲ့သာအကျပ်ကိုင်လိုက်ရင်မင်းခအမှန်တိုင်းဝန်ခံလာမှာပဲ
"ကီနို မင်းခအမေကိုသူ့သားအကြောင်းသဲလွန်စ ဖြေးဖြေးချင်းပေးသွား ငါတို့လူလုံးထွက်ပြတဲ့အချိန်ကြမှသူ့အမေကိုငါတို့အနားခေါ်ထားမယ် မျက်ခြေမပြတ်စောင့်ကြည့်နေ"
"ဟုတ်ကဲ့မမလေး"
ကီနိုလည်းမမလေးစကားဆုံးတာနဲ့ ခြံဝင်းထဲက သစ်သားအိမ်အပုအသေးလေးထဲမှာအဝတ်ခေါက်နေတဲ့အဘွားအိုကိုသနားစွာတစ်ချက်ငဲ့ ကြည့်လိုက်လေသည် စိတ်မကောင်းပေမဲ့ဘာမှမတတ်နိုင်မကောင်းတာလုပ်ရင်မကောင်းတာပြန်ခံစားရတာဟာ လောကကြီးရဲ့နိယာမတစ်ခု တန်ပြန်သက်ရောက်မှုပဲလေ
အာဏာလည်းသူ့အိမ်ရှေ့ကားရပ်လိုက်တာနှင့်တစ်ပြိုင်နက်အပြေးလေးဆင်းသွားပြီးမိန်းမဖြစ်သူကိုတံခါးပြေးဖွင့်ပေးလေသည်
"ကိုကိုမိန်းမလေး ကြွပါဗျ "
"ကဲသဲပိုလွန်းနေလိုက်တာမျက်နှာရူးကြီး"
ခတ္တာလည်းမျက်စောင်းတစ်ချက်ထိုးပြီးအိမ်ထဲဝင်လာခဲ့သည်အိမ်ထဲရောက်ရောက်ခြင်းနှစ်ဖက်မိဘအစုံအလင်တွေ့ရတာမို့ခတ္တာကျောလေးတွန့်သွားရသည် ဒါကိုတွေ့တဲ့ကိုကိုကသူမလက်လေးကိုဖြည်းညင်းစွာကိုင်ပြီးဧည့်ခန်းထဲဝင်လာခဲ့လေသည်
![](https://img.wattpad.com/cover/367879608-288-k46177.jpg)
YOU ARE READING
တစ်ကျော့ပြန်
Roman d'amourUni/Zawgyi Start Date-22/3/2024 End Date-22/4/2024 စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ (ပထမဆုံးရေးသားခဲ့တဲ့Ficလေးဖြစ်တာကြောင့်မသေမသပ်အရေးသားလေးတွေကိုသည်းခံခွင့်လွှတ်ပေးကြပါရှင့်)