{တစ်ကျော့ပြန်}
အပိုင်း(၃၈)
"ဘာပြောတယ်.....ကျွန်မတို့အိမ်တစ်ပတ်အတွင်းဖယ်ပေးရမယ်"
ကျော့တစ်ယောက်တစ်ဖက်လူစကားကြောင့်အံသြတုန်လှုပ်စွာဖြင့်မေးလိုက်သည်
"ဟုတ်ပါတယ်ဗျ...ဦးမျိုးသန့်ကသူမဆုံးခင်က ဦးမြတ်မင်းတို့မိသားစုကိုကြွေးမှီးတွေရှိခဲ့ပါတယ်ဒါကြောင့်ဦးမြတ်မင်းတို့က အိမ်ကိုသိမ်းလိုက်တာပါ"
"ဘာပြောတယ် ဦးမြတ်မင်းဟုတ်လား"
ဘရဏီပြောခဲ့တာတွေကိုအမှတ်ရသွားသည်နင့်အိမ်ကိုငါဝယ်ပေးမှာပါတဲ့ ခု ခုတကယ်ဖြစ်လာပြီ သူမတို့အိမ်မရှိရင်ဘယ်မှာနေရမလဲ
"ဒါတောင်ကျန်တဲ့အကြွေးကိုမမလေးဘရဏီကမတောင်းတော့ဘူးသနားလို့တဲ့အဲ့တာတစ်ပတ်အတွင်းအိမ်ဖယ်ပေးပါဗျ မဟုတ်ရင် တရားခွင်မှာဆုံကြတာပေါ့"
ထိုလူလည်းပြောပြီးထွက်သွားလေသည်ကျော့လည်းဘာမှမစဥ်းစားတော့ပဲ ကားသော့ဆွဲယူပြီးဘရဏီအိမ်ဘက်မောင်းနှင်လာခဲ့သည်
သူမတို့သားမိတွေသွားပြီ ဘာတစ်ခုမှမရှိတော့ဘူးဖေဖေကအကြွေးတွေယူရအောင်ဘာတွေများလုပ်ထားတာလဲကျော့ဘရဏီအိမ်ရှေ့ရောက်တော့ခြံထဲပန်းပင်ရေလောင်းနေတဲ့လူကြီးတစ်ယောက်အားတွေ့လိုက်ရလေသည်
"ဒီမယ် ဘရဏီရှိလား"
ခြံစောင့်ဘတင်လည်းအသံကြားရာကြည့်လိုက်တော့မျက်နှာစိမ်းမိန်းကလေးတစ်ယောက်ပင်
"မရှိဘူး မနက်ထဲက မမလေးခတ္တာတို့အိမ်သွားတယ်ခုထိပြန်မလာသေးဘူး"
"တွေ့မယ် ကောင်မတွေငါ့မိသားစုကိုရစရာမရှိတော့အောင်လုပ်ထားကြတာ"
ကျော့လည်းချက်ချင်းကားပြန်ကွေ့လိုက်ပြီးခတ္တာအိမ်ဘက်အရှိန်ပြင်းပြင်းဖြင့်မောင်းနှင်လာခဲ့သည်
ခတ္တာ၊ဘရဏီ၊ကိုကိုနဲ့ကိုသီဟတို့ခြံဝိုင်းထဲလက်ထပ်ပွဲနေ့အကြောင်းပြောနေကြရင်းဝတ်စုံအကြောင်းပြောနေကြသည်
YOU ARE READING
တစ်ကျော့ပြန်
RomansUni/Zawgyi Start Date-22/3/2024 End Date-22/4/2024 စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ (ပထမဆုံးရေးသားခဲ့တဲ့Ficလေးဖြစ်တာကြောင့်မသေမသပ်အရေးသားလေးတွေကိုသည်းခံခွင့်လွှတ်ပေးကြပါရှင့်)