{တစ်ကျော့ပြန်}
အပိုင်း(၁၂)
သကြင်္န်ရောက်ရန်(၁)ရက်အလို
အာဏာတစ်ယောက်သကြင်္န်ကမနက်ဖြန်ဆိုရောက်ပြီ ခုထိပြန်မလာသေးတဲ့ခတ္တာကြောင်းတွေးနေလေသည်
အိမ်နှစ်အိမ်ကြားထဲကပိတောက်ပင်ကလည်းပွင့်နေတာခဲတုန်ပြီးအနံ့သင်းသင်းလေးတွေနဲ့မွှေးကြူနေလျက်
ပြောတော့သကြင်္န်အမှီတဲ့ လိမ်တာပြန်မလာတော့ဘူးလားအပြီးနေတော့မှာလားမသိပါဘူးဟူး...မနက်ဖြန်အတွက်မဏ္ဍပ်ဆင်ဖို့ သီဟ၊ညီထွဋ်နဲ့ရီရီတို့နဲ့တိုင်ပင်တာပဲကောင်းပါတယ်
ပြောရင်းကားသော့ယူပြီးသီဟတို့အိမ်ဘက်ထွက်လာခဲ့တော့သည်ခတ္တာတစ်ယောက်သူမလိုချင်နေတဲ့မြေကွက်ရလာတာကြောင့်ဝမ်းသာနေသည် ထို့ကြောင့်ယူလာပေးတဲ့မဟာအား
"...ကျေးဇူးပါမဟာရေ..နင့်ကြောင့်ခုငါလိုချင်တဲ့မြေကွက်လေးရပြီ.."
"...မလိုပါဘူး..နင်သာလိုချင်ရင်ငါအကုန်ယူပေးနိုင်တယ်ဆိုပြီး.."
မျက်လုံးတစ်ဖတ်မှိတ်ရင်းပြောလိုက်သည်ခတ္တာပြက္ခဒိန်ကိုကြည့်တော့ဧပြီလ(12)ရက်မို့လန့်သွားတယ် သူမသကြင်္န်အမှီပြန်လာမည်လို့ကတိပေးထားခဲ့သည်မဟုတ်လားထို့ကြောင့်
"...မဟာ ငါ့ကိုလေယာဥ်လက်မှတ်ဖြတ်ပေးထားအုန်း.. "
ခတ္တာစကားကြောင့်မဟာမျက်နှာတည်သွားရသည် ရောက်တာမှ၇ရက်မပြည့်သေးတာကိုခုပဲ ပြန်တော့မည်တဲ့လား
"...ဘာတွေအရေးကြီးနေလို့လဲခတ္တာ ခုပဲညနေစောင်းပြီ ပြန်ရင်အရမ်းညဥ့်နက်နေပြီ မနက်မှပြန်ပါလား.."
မဟာ စကားကြောင့်ခတ္တာခေါင်းရမ်းပြလိုက်သည်ကိုကို့ကိုသကြင်္န်အမှီလို့ပြောခဲ့တာမဟုတ်လား သူမကတိသူမတည်ချင်သည်ထို့ကြောင့်
"...ငါကိုကို့ကိုယ်ကတိပေးထားခဲ့တယ်မဟာ..သကြင်္န်အမှီပြန်လာခဲ့မယ်လို့ ငါကတိငါတည်ချင်တယ်.."
ခတ္တာစကားကြောင့်မဟာမှာရင်ဝစောင့်ကန်ခံလိုက်ရသလိုပင် ကိုယ်ချစ်ရတဲ့သူက ကိုယ့်ရှေ့တစ်ခြားလူတစ်ယောက်အကြောင်းပြောနေတာနားထောင်ရတာလောက်ရင်နာစရာမရှိ
YOU ARE READING
တစ်ကျော့ပြန်
Roman d'amourUni/Zawgyi Start Date-22/3/2024 End Date-22/4/2024 စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ (ပထမဆုံးရေးသားခဲ့တဲ့Ficလေးဖြစ်တာကြောင့်မသေမသပ်အရေးသားလေးတွေကိုသည်းခံခွင့်လွှတ်ပေးကြပါရှင့်)