{တစ်ကျော့ပြန်}
အပိုင်း(၃၉)
လက်ထပ်ပွဲနေ့💛
ဒီနေ့ဟာတော့ခတ္တာတို့ရဲ့လက်ထပ်ပွဲနေ့လေးကိုရောက်လာခဲ့ပြီ ခတ္တာကတော့အဖြူရောင်ထိုင်မသိမ်းပေါ်မှာစိန်တွေစီခြယ်ထားတဲ့ဝတ်စုံလေးကိုဝတ်ပြီးမိတ်ကပ်ပြင်ဆင်နေသည်
အဓိပတိနေ့မို့ခတ္တာရင်တွေခုန်နေလျက် ကိုယ်ချစ်လာရတဲ့သူ့ကိုပိုင်ဆိုင်ရတော့မည်မိတ်ကပ်ပြင်ဆင်ပြီးတော့ သဇင်ပန်း(ခေါ်)တော်ဝင်ပန်းအခက်၂၀ခန့်ကိုပန်ဆင်ထားပြီးစိန်အစစ်နဲ့လုပ်ထားတဲ့စိန်ပန်းခက်၅ခက်ကိုလည်းထပ်ပန်ထားသည်လက်ဝတ်ရတနာကတော့ ယောက္ခမကစိန်ဆိုင်ကတစ်ဆင်စာမှန်သမျှအကုန်ယူလာပြီးရွေးခိုင်းတာမို့ နီညိုရောင်ပတ္တမြားတစ်ဆက်အားရွေးချယ်ဝတ်ဆင်လိုက်သည်ဖိနပ်လေးကိုတော့အဖြူရောင်ပုံတော်ဖိနပ်လေးကိုရွှေခက်လေးတွေစီခြယ်ထားသည်
"လှသွားပြီ သတိုးသမီးလေးက တစ်ကိုယ်လုံးလည်းရွှေအစစ်စိန်အစစ်ဆင်မြန်းထားလို့ နတ်သမီးလေးပမာ ကိုယ်ရောင်တွေတစ်ဖျက်ဖျက်နဲ့ ကျက်သရေကိုရှိနေတာပဲ"
ခတ္တာလည်းမိတ်ကပ်ဆရာစကားကြောင့်ပါးချိုင့်လေးနစ်ဝင်တဲ့အထိပြုံးပြရင်းရှေ့ကစိန်တစ်ဆက်စာဘူးအားမိတ်ကပ်ဆရာလက်ထဲထည့်ပေးလိုက်ရင်း
"ကျွန်မဘဝရဲ့အရေးပါလှတဲ့ဒီနေ့လေးမှာအလှဆုံးပြင်ပေးတဲ့အတွက်ကျေးဇူးဆပ်တာပါ ဘယ်လိုမှသဘောမထားပါနဲ့လက်ခံပေးပါ"
"ရှင်ဟို ....ကျေးဇူး...တင်ပါတယ်"
အာဏာလည်းပြင်ဆင်လို့ပြီးတော့ခတ္တာအခန်းရှေ့ရင်ခုန်စွာနဲ့ရပ်နေလိုက်သည်ဘေးနားကမေမေတို့ကလည်းသူ့နည်းတူစွာ အာဏာသူ့ရဲ့သတိုးသမီးလေးကိုမြင်ချင်လှပြီဖြစ်သည်
"ဟူး......ရင်တွေခုန်လိုက်တာကွာ"
ထိုချိန်အခန်းတံခါးလည်းပွင့်လာတာနဲ့အမျှအဖြူရောင်အရိပ်လေးကတစ်ဖြည်းဖြည်းသူ့ဆီလျှောက်လာနေသည်နီးလာလေအာဏာရင်ခုန်သံတွေမြန်ဆန်နေပြီ
YOU ARE READING
တစ်ကျော့ပြန်
Lãng mạnUni/Zawgyi Start Date-22/3/2024 End Date-22/4/2024 စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ်သာဖြစ်ပါသည်။ (ပထမဆုံးရေးသားခဲ့တဲ့Ficလေးဖြစ်တာကြောင့်မသေမသပ်အရေးသားလေးတွေကိုသည်းခံခွင့်လွှတ်ပေးကြပါရှင့်)