Part-23

3.6K 64 4
                                    

{တစ်ကျော့ပြန်}

အပိုင်း(၂၃)

ခတ္တာဒီနေ့တော့မေမေတို့နဲ့အတူဥပုတ်စောင့်ရန်အတွက်အလုပ်နားလိုက်သည်

"ငယ်လေး....ရေပြီးရင်လာတော့သွားရအောင်"

သစ္စာမမတို့ခေါ်သံကြောင့်နှင်းဆီပန်းနီနီကိုခေါင်းမှာပန်လိုက်ပြီးသည့်နှင့်မှန်ရှေ့၌ကိုယ်လုံးလေးတစ်ပတ်လှည့်ကြည်လိုက်၏

"ခစ်...ခစ်...တော်တော်လှတဲ့ငါပါလား"

ထို့နောက်မွေးနေ့ပွဲတုန်းက မမရီလက်ဆောင်ပေးထားတဲ့ အိတ်အသစ်လေးကောက်လွယ်ကာအပြေးလေးဆင်းလာခဲ့သည်

ခတ္တာနဲ့မေမေတို့လည်းငယ်လေးကိုကားနား၌စောင့်နေသည်

"ဟင် မမကဘယ်လိုနေနေလှလိုက်တာနော်ကြည့်ပါအုန်းနုဖတ်နေပြီး"

သူတို့ဆီလာရင်းအမွှန်းတင်နေတဲ့သစ္စာငယ်ဦးအားကြည့်ရင်းခတ္တာသဘောကျစွာရယ်လျက်


"မမကမ​လှပါဘူးနော် မမတို့အိမ်ကလူကြီးပေါက်စလေးကသာလှပနေတာ"

ဦးကျော်နိုင်လည်းသမီးတွေနဲ့အတူဘုရားသွားကျောင်းတက်ချင်တာကြောင့်ခွင့်ယူလိုက်ပေမဲ့

အထက်ကပင်စင်ပါတစ်ခါတည်းကျလာတာကြောင့်အငြိမ်းစားနှလုံးအထူးကုဆရာဝန်ကြီးဖြစ်သွားတော့သည်


"ပြီးရင်သွားကြမယ်သမီးတို့ တရားနာမမှီပဲနေမယ်"

ဦးကျော်နိုင်လည်းသမီးတွေကိုပြောပြီးကားထဲဝင်လိုက်တော့ဒေါ်ခက်ခက်ပါဝင်ထိုင်လေ၏

ခတ္တာနဲ့သစ္စာလည်းကိုယ်စီနေရာဝင်ယူပြီးသည်နှင့်ကားလေးဟာလည်းဘုန်းကြီးကျောင်းရှိရာကိုထွက်ခွာသွားတော့သည်


"ဖေဖေနောက်လကြရင်ငယ်လေးကျောင်းသွားတက်ရင်သမီးလိုက်သွားလိုက်မယ်နော်"


ဦးကျော်နိုင်နဲ့ဒေါ်ခက်ခက်လည်းသမီးကြီးနှင့်သာလွှတ်ရန်စီစဥ်ထားတာမို့


"သမီးမေမေနဲ့ဖေဖေကတောင်သမီးနဲ့လွှတ်ဖို့စီစဥ်နေတာ"



တစ်ကျော့ပြန်Where stories live. Discover now