Part-40 (The End)

11.6K 105 9
                                    

{တစ်ကျော့ပြန်}

အပိုင်း(၄၀)ဇာတ်သိမ်းပိုင်း

၄နှစ်ခန့်ကြာပြီး

"ငယ်သွေးခက်..."




ခတ္တာလည်းအခန်းထဲသူ့ဒယ်ဒီနဲ့ဆော့နေတဲ့သမီးကိုလှမ်းခေါ်လိုက်တော့သူ့ကိုပြူးပြူးလေးကြည့်လာလေသည်




"ဘာဖြစ်လို့လဲ ကလေးလေး"


အာဏာမိန်းမဖြစ်သူအားမေးလေးငေါ့ပြီးမေးတော့သူမိန်းမစွာစိလန်လေးကနှုတ်ခမ်းအရင်စထော်လာသည်




"ကိုကို သမီး သားငယ်လေးအရုပ်ယူသွားတယ်တဲ့"



"ဟုတ်လား သမီး မောင်လေးအရုပ်ယူသွားတာလား"




သူတို့ပြောတော့သမီးလေးကသွားလေးစိပြီးရယ်ပြလာလေသည်



"ဟို.....မီးက မောင်မောင်ယေး မချော့ချင်ဝူးထင်ယို့ပါ မာမီ"




သူတို့ကိုစကားမပီတလာနဲ့ပြောနေတဲ့သမီးလေးအားကြည့်ပြီးနှစ်ယောက်သားသဘောကျနေကြသည်



ခတ္တာလက်ထဲကသားငယ်လေးဟာသူ့အဖေကိုတွေ့တော့မနေတော့ပေအတင်းကော့ထိုးပြီးခေါ်ခိုင်းနေသည်




အာဏာသူ့ကိုခေါ်ခိုင်းနေတဲ့သားဖြစ်သူအားလက်လေးဆန့်လျက်



"ဒယ်ဒီဆီလာမလို့လား သားငယ်လေး လာပါအုန်းဖေဖေဆီ"




အာဏာခေါ်လိုက်တာနဲ့သားငယ်ဟာသူ့ဆီတစ်ခစ်ခစ်နဲ့လိုက်လာလေသည်




ခတ္တာလည်းသမီးဘေးနားဝင်ထိုင်လိုက်ပြီးသမီးရဲ့ခေါင်းလေးအားဖွကိုင်လိုက်ပြီး




"သမီး အောက်မှာဘယ်သူတွေရောက်နေလဲသိလား"





"သိဝူးယေ....မာမီ"




"ကိုကိုရောက်နေတယ် လာ မာမီနဲ့သွားရအောင်"




"ယေး.....ကိုကို လာပီကွ"



သမီးဟာကိုကိုဆိုတဲ့အသံကြားတာနဲ့လက်ခုပ်လေးထတီးလျက်သူမကိုပြေးဖက်လာလေသည်




"ကိုကို သားငယ်ကိုချီခဲ့ အောက်မှာရီရီတို့မိသားစုရောက်နေတယ်"




တစ်ကျော့ပြန်Where stories live. Discover now