"ကင်မ်ဒိုဟွန်းးထတော့လေကျောင်းသွားရမှာကိုကျောင်းအသစ်ပြောင်းတာစောစောစီးစီးသွားရမှာပေါ့"
"ဟုတ်ကဲ့အမေထပြီးးး"
ဒိုဟွန်းသည်ငယ်ငယ်လေးကတည်းကနိုင်ငံခြားမှာနေခဲ့သော်လည်းအထက်တန်းဒုတိယနှစ်လောက်ကြမှသူ့အဖေ၏အလုပ်ကိစ္စကြောင့်ကိုရီးယားသို့ရောက်လာခဲ့ခြင်းဖြစ်သည်။
ချမ်းသာသောမိသားစုမှမွေးဖွားလာပြီးတစ်ဦးတည်းသောသားဖြစ်သည့်အပြင်ရုပ်ရည်အလွန်ချောမောပြီးအပြစ်ပြောရက်စရာမရှိအောင်ပြည့်စုံနေသောကြောင့်မိန်းကလေးတိုင်းရဲ့အသဲစွဲပင်။
"သား ဖုန်းတွေ့မိသေးလား"
"မင်းထားတဲ့နေရာမင်းသိမှာလေကွယ်အမေကဘယ်သိမှာလဲ"
"ဘယ်နားထားမိတာပါလိမ့်ပျောက်ပြန်ပြီးထင်တယ်"
ဖုန်းပျောက်နေလို့ရှာနေသောဒိုဟွန်းအားး
"မရှာနဲ့တော့"
"မရှာလို့မရဘူးလေဖုန်းနံပါတ်တွေတောင်မမှတ်မိဘူးဘယ်လိုလုပ်ရမှာလဲ"
"မင်းကိုအသစ်မ၀ယ်ခိုင်းပါဘူးမင်းရဲ့ဖုန်းကမင်းဘောင်းဘီနောက်ကအိတ်ကပ်ထဲမှာ"
"အားးဟုတ်သားပဲ"
"မင်းဆိုသည်မှာဖုန်းအမြဲပျောက်နေတာ"
"နောက်ဆိုမပျောက်အောင်ထားပါ့မယ်မပျောက်စေရဘူး"
"ပြောပြန်ပြီတော်ပါ...ကျောင်းသွားဖို့ပြင်တော့ယူနီဖောင်းကကောယူခဲ့ပြီးပြီးမလားမနေ့က"
"ယူခဲ့ပြီးပြီး"
"အေးကျောင်းအသစ်မှာဆိုတော့ဂရုစိုက်အုံးသေချာနဲ့လိမ်လိမ်မာမာနေရည်းစားထားမယ်ဆိုလည်းတစ်ယောက်ထဲတည်တည်မြဲမြဲထားဟိုလူ့တွဲဒီလူ့တွဲလုပ်မနေနဲ့ play boyလေးပါဆိုပြီးနာမည်ထွက်နေမှယူမယ့်လူမရှိပဲနေအုံးမယ်...အခုမှပြောင်းလာတော့နေရာခက်နေမှာမလို့ကျောင်းကိုတော့လိုက်ပို့ပေးလိမ့်မယ် driver နဲ့သွား ညနေအလုပ်ပြီးရင်အမေကောအဖေကောလာကြိုနိုင်ရင်ဖုန်းဆက်လိုက်မယ်မကြိုနိုင်ရင် driver ကိုပဲလာကြိုခိုင်းလိုက်တော့မယ်...အော်ပြီးတော့....."
YOU ARE READING
♡Lover from high school ✿ // Doshin
Fanfictionမင်းကိုမချစ်ဘူးလို့ဘယ်သူပြောလဲဒိုဟွန်း