episode {13}

167 11 5
                                    

"ဟင် hyung"

ယူလေးရောက်လာပြီးမှဘေးနားကထိုင်နေသောအစ်မဒါလီမှထထွက်သွားတော့သည်။

"မင်းကိုမချစ်ဘူးလို့ဘယ်သူပြောလဲဒိုဟွန်း
ငါမင်းကိုချစ်တယ်"

"ဟမ်.... hyung တကယ်ပြောနေတာလား"

"အင်းတကယ်ပြောနေတာငါမင်းကိုစတွေ့ကတည်းကသဘောကျခဲ့တာမဟုတ်ပေမယ့်မင်းရဲ့ပုံစံကစတွေ့ကတည်းကငါ့အတွက်ထူးခြားနေခဲ့တာမင်းကြောင့်ပဲငါအများကြီးပြောင်းလဲသွားတာမင်အမြင်မှာငါကမင်းအပေါ်စိတ်၀င်စားမှုမရှိဘူးလို့မြင်နေနိုင်လောက်ပေမယ့်ငါသတ္တိမရှိခဲ့လို့ဖွင့်မပြောရဲခဲ့လိုခံစားချက်တွေမြိုသိပ်‌နေရတာ...ဒါပေမယ့်အခုတော့ခံစားချက်တွေကိုမင်းသိအောင်ဖွင့်ပြောသင့်ပြီးထင်လို့...ဟိုတစ်နေ့ကပြောလိုက်မိတဲ့စကားကလည်းစိတ်ထဲကပါလို့ပြောခဲ့တာမဟုတ်ဘူးဆိုတာသိစေချင်တယ်အဲ့တုန်းကမင်းနဲ့ဒါလီနဲ့ကိုသ၀န်တိုပြီးပြောလိုက်တဲ့စကားတွေသပ်သပ်ပဲမင်းငါ့ဘေးနားမှရှိလို့စိတ်ရှုပ်စေတာမဟုတ်ဘဲနဲ့မင်းကငါ့ဘေးနားမှာရှိနေလို့အရာအားလုံးအဆင်ပြေစေတာမင်းကငါ့အတွက်တော့မရှိမဖြစ်လိုအပ်တယ်..မင်းကိုဖွင့်ပြောချင်လို့တစ်ပတ်အတွင်းစောင့်နေခဲ့ပေမယ့်မင်းကငါ့ကိုရှောင်နေပြီးမတွေ့လို့ငါဒါလီကိုအကူအညီတောင်းလိုက်တာမင်းကိုအတန်းထဲကနေခေါ်ထုတ်ခဲ့ပေးဖို့"

ယူလေးစကားများကြောင့်ဒိုဟွန်းသူ့နားကိုသူမယုံနိုင်အောင်ပင်မျက်လုံးလေးများပြူးကာကြည့်နေမိတော့သည်။ယူလေးကသူ့ကိုချစ်တယ်တဲ့လား။သူအိမ်မှာသာဆိုထခုန်နေလောက်ပေမယ့်အခုနည်းနည်းသိက္ခာထိန်းနေရသည့်အတွက်ထခုန်ချင်နေသောခြေထောက်များအောင်မနည်းထိန်းထားရသည်ပင်။

"ကျွန်တော်လည်း hyungကိုချစ်တယ်...ကျွန်တော်hyungကိုစတွေ့ကတည်းကစိတ်၀င်စားခဲ့တာ...hyungဂယောင်းမင်းနဲ့ဘယ်လိုအခြေအနေမှန်းမသိခင်ကလည်းကျွန်တော်သ၀န်တိုခဲ့ရတယ် hyungကျွန်တော့်ကိုအေးစက်စက်ဆက်ဆံတဲ့အခါမှာလည်းကျွန်တော်၀မ်းနည်းရပြီးတော့ hyung နဲ့မထင်မှတ်ဘဲနီးကပ်သွားတဲ့အခြေအနေတွေမှာလည်းကျွန်တော်အများကြီးသဘောကျခဲ့တာ hyung မျက်နှာလေးညှိုးနေရင်မမြင်ချင်တာကြောင့်လည်းကျွန်တော်hyungပေါ်အများကြီးနှစ်သိမ့်မှုတွေပေးခဲ့တာကျွန်တော်အတွက်တော့ hyung ကအရာရာပဲ"

 ⁠♡Lover from high school ✿ /⁠/ Doshin Where stories live. Discover now