သာယာလှပြီးအေးမြမြဖြစ်လှသောရာသီဥတုလေးရဲ့မနက်ခင်းလေးမှာဒိုဟွန်းရဲ့စိတ်ကသာယာမလှပါပေ။မနက်ခင်းအစောကြီးမေမေနှိုးစရာမလိုဘဲထလာခဲ့ပြီးစိတ်တွေလေးလံနေ၍အပြင်ထွက်ပြီးစက်ဘီးစီးနေခဲ့သည်။ဒိုဟွန်းရဲ့စိတ်ထဲပူလောင်တာလိုလိုလေးလေးလံလံကြီးဖြစ်နေသောရင်ဘတ်ထဲကခံစားချက်များကိုပင်နာမည်မဖော်တတ်တော့ပါပေ။ခံစားချက်တွေကိုနာမည်မဖော်တတ်ပေမယ့်အဲ့ဒီခံစားချက်တွေဖြစ်လာအောင်လုပ်တဲ့လူကိုတော့ကောင်းကောင်းကြီးသိပါသည်။မနေ့ညကလူကိုအေးစက်တဲ့စကားတွေပြောဆိုပြီးဘယ်တုန်းကမှမသိခဲ့သလိုစကားပြောခဲ့တဲ့ယူလေးပင်။
ယူလေးရဲ့အကြည့်တွေကိုလည်းသူမခန့်မှန်းမိတော့ပါပေ။မနေ့ညကအစ်မဒါလီကိုလိုက်ကြည့်နေသည့်မျက်၀န်းတွေကဘယ်လိုစိတ်နဲ့ကြည့်နေတဲ့မျက်၀န်းတွေများဖြစ်နေလိမ့်မလဲ။
ဒိုဟွန်းအတွေးပေါင်းစုံတွေးရင်နားကြပ်လေးတပ်ပြီးစောစောစီးစီးစက်ဘီးစီးနေသော်လည်းကံကသူ့ဘက်မလိုက်ဘူးထင်အလုပ်သွားတဲ့လူတွေမရှိဘဲရှင်းလင်းနေသည့်အချိန်မှာပင်ရောက်လာသောကားတစ်စီးကြောင့်ဒိုဟွန်းကားနဲ့တိုက်မိမလို့သာဖြစ်သွားတော့သည်။
"အား!!နာလိုက်တာ"
ကားနဲ့တိုက်မိရန်အလိုရှောင်လိုက်သောကြောင့်ကားမတိုက်မိပေမယ့်စက်ဘီးကောဒိုဟွန်းပါလှဲသွားရတော့သည်။
ကားပေါ်မှဦးလေးကြီးအူက်အရွယ်ရှိသောလူတစ်ယောက်ကပျာကယာဆင်းလာပြီး...
"အဆင်ပြေရဲ့လားလူငယ်လေး"
"ဟုတ်ကဲ့ပြေပါတယ်.."
"ဦးတောင်းပန်ပါတယ်ကွယ်..ဦးလည်းအရေးကြီးကိစ္စလေးရှိလို့သိတ်လောနေတာနဲ့သေချာမကြည့်မိလိုက်တာ"
ဦးလေးကြီးမှာစကားပြောနေရင်းဖြင့်ပင်ဒိုဟွန်းအားဆွဲထူပေးနေတော့သည်။
"ရပါတယ်ဦးလေ..ကျွန်လည်းမနက်အစောဆိုတော့သေချာသတိမထားမိဘဲစီးလိုက်မိသွားတာပါ..."
"လူငယ်လေးခြေထောက်ကအဆင်ပြေရဲ့လား"
"ဟုတ်..ပြေပါတယ်နည်းနည်းပဲထိသွားတာပါ"
