"ယူလေး ပိတ်ရက်ကြီးကိုဘယ်သွားမလို့လဲ"
"စာအုပ်၀ယ်"
"ထပ်ပြီးစာအုပ်၀ယ်ပဲလားသူငယ်ချင်းတွေနဲ့ချိန်းထားတာမဟုတ်ပဲ စာအုပ်နဲ့သာရည်းစားထားလိုက်ပါတော့လား"
"ဒီတစ်ခါအဖော်တစ်ယောက်ပါတယ်"
"ယောင်္ကျားလေးလားမိန်းကလေးလားချောလားလှလား"
"ယောင်္ကျားလေးဘာလုပ်မလို့မေးတာလဲ"
"ဘာမှမလုပ်ဘူးကောင်းကောင်းသွားပြီးပြန်လာခဲ့နော်သားလေးမုန့်ဖိုးယူသွားပါအုံး"
"မုန့်ဖိုးတော့လက်ခံတယ်"
"Driver ခေါ်မသွားတော့ဘူးလား"
"မခေါ်သွားတော့ဘူး"
"အင်းပါကောင်းကောင်းသွား"
ယူလေး ထွက်သွားတာကြည့်ပြီးပြုံးနေသောယူလေးအမေအား
"မြင်လားအန်တီလေးကျွန်တော်ပြောသားပဲ ယူလေး လည်းရည်းစားရတော့မှာပါဆို ကြည့်ရတာဟိုတစ်နေ့ကကောင်လေးနဲ့ပဲထင်တယ်"
"ဘယ်လိုလဲအဲ့ကောင်လေးပုံစံကချောလားစိတ်ထားလေးကကောကောင်းမယ့်ပုံလေးလား ယူလေးအပေါ်ကိုကောနားလည်ပေးနိုင်တဲ့ကလေးမျိုးလား"
"ဘယ်သိမှာလဲအန်တီလေးရယ် အပေါ်ယံပဲခဏမြင်ခဲ့ရတာကို ဒါပေမယ့်ကြည့်ရတာတော့တော်တော်ချောတယ်"
"ဟုတ်လားအဲ့ကလေးအကြောင်းစုံစမ်းပေးစမ်းပါ ယူလေး နည်းနည်းစီပြောင်းလဲလာပြီးလို့ထင်တယ်အဲ့ကလေးကြောင့် အရင်ကဆိုဘယ်သွားသွားတစ်ယောက်တည်းသွားတဲ့ ယူလေး ကအခုတော့အဲ့ကလေးနဲ့တူတူသွားတယ်တဲ့လား မြန်မြန်စုံစမ်းပေးနော်"
"စိတ်ချလိုက်ပါအန်တီလေး"
.................................................................................
"ရားးကင်မ်ဒိုဟွန်း.....ဒါဘာတွေလဲရှုပ်ပွနေတာပဲ စာအုပ်သွား၀ယ်တာလေဒိတ်တာမဟုတ်ဘူးသာမာန်၀တ်နေကြတဲ့အတိုင်း၀တ်လည်းရတယ်"
ရှင်းယူ နဲ့အပြင်သွားရမှာကိုစိတ်လှုပ်ရှားပြီး
အကျီ တွေဟိုဟာရွေးလိုက်ဒီဟာရွေးလိုက်နဲ့မနက်အစောကတည်းထပြီးရွေးနေတာတစ်ခန်းလုံးလည်းရှုပ်ပွနေတော့သည်။