"ဒိုဟွန်းရေထတော့လေဒီနေ့ကျောင်းသွားရမှာကို"
"ဟုတ်ထပြီမေမေရေ"
ကျောင်းဖွင့်ရက်ဖြစ်သော်လည်းရာသီဉတုကအိပ်ယာထဲမှာပဲတစ်နေကုန်အိပ်ချင်သည့်ရာသီဉတုပင်ဖြစ်သည်။ေကာင်းကင်ကအုံမှိုင်းမှိုင်းဖြစ်နေသည်။မကြာခင်မိုးရွာတော့မည်ပုံစံပင်ဖြစ်သည်။
"ဒီလိုရာသီဥတုပုံစံနဲ့ဆိုအိပ်ယာထဲမှာအိပ်လိုက်စားလိုက်လုပ်နေရမှာကိုဘာလို့ကျောင်းသွားရမှာလဲ....မသွားလို့လဲမရဘူးစာမေးပွဲကဖြေရတော့မယ်ဘာစာမှလည်းကောင်းကောင်းမွန်မွန်မရသေးဘူးစာလည်းမလုပ်ချင်ဘူးစိတ်ညစ်တယ်!!!အိပ်ချင်တယ်လို့!!!!!"
ဒိုဟွန်းတစ်ယောက်ရာသီဥတုကိုအပြစ်ပြောလိုက်စာမရသေးကြောင်းတွေးလိုက်နဲ့တစ်ယောက်ထဲအိပ်ယာထဲမှာငြီးတွားနေတော့သည်။
အိပ်ယာထဲမှာငြီးတွားနေတာနှင့်ပင်အချိန်ကနောက်ကျသွားတော့သည်။
"ဒိုဟွန်းမင်းကိုဒီလိုနောက်ကျမှာဆိုးလို့နှိုးတာကိုနောက်ကျဖြစ်အောင်နောက်ကျသေးတယ်"
"နောက်မကျပါဘူးမေမေရဲ့မေမေကလောနေတာ"
"အင်းပါအင်းပါ ရော့မုန့်ဖိုး"
"ဒီတိုင်းကဒ်ပဲပေးထားလို့မရဘူးလားနေ့တိုင်းမုန့်ဖိုးပေးနေရတာအလုပ်ရှုပ်နေလိမ့်မယ်ကကဒ်ပဲပေးထားလိုက်တော့နော်မေမေ"
"ဟယ်ဒီကလေး......မင်းကိုကဒ်ပေးလိုက်ရင်၀ယ်ချင်တာ၀ယ်ပြီးသုံးချင်တာသုံးနေမှာပေါ့"
"ဘာမှမသုံးဘူးစိတ်ချတကယ်ပြောတာ"
"စာမေးပွဲမှာအမှတ်ကောင်းရင်ကဒ်ပေးမယ်အမှတ်မကောင်းရင်တော့တစ်နေ့စာမုန့်ဖိုးပဲပေးမှာ"
"ဟာ....မေမေအဲ့လိုလုပ်လို့မရဘူးလေ"
"ရတယ်လေ"
"မရဘူးလို့လေ"
"ရပါတယ်လို့လေ"
"ဘာတွေငြင်းခုံနေကြတာလဲသားမိနှစ်ယောက်..
ဒိုဟွန်းကျောင်းမသွားသေးဘူးလားသား"
"ဖေဖေရေကျွန်တော့်ကိုကယ်ပါ"
YOU ARE READING
♡Lover from high school ✿ // Doshin
Fanfictionမင်းကိုမချစ်ဘူးလို့ဘယ်သူပြောလဲဒိုဟွန်း