ep{5}

71 13 0
                                    

မနေ့ကမိုးရွာထားသည့်အလျောက်ဒီနေ့ရာသီဥတုကအလွန်ပင်သာယာလှသည်။အရမ်းပူနေတာကြီးလည်းမဟုတ်သလိုအေးနေတာမျိုးလည်းမဟုတ်ပေ။နေသာထိုက်သာရှိတဲ့ရာသီဥတုမျိုးပင်ဖြစ်သည်။ဒီလိုသာယာတဲ့ရာသီဥတုအပြင်ကျောင်းသွားဖို့ပူညံပူညံပြောမယ့်မေမေကပါခရီးထွက်သွားတာဆိုတော့ဒိုဟွန်းတွက်အလွန်ကိုသာယာနေခဲ့သည်။

မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်သည်တွင်လိုက်ကာကြားမှဖောက်ထွက်နေသောအလင်းရောင်ကြောင့်ခနတာမျက်လုံးစူးသွားရသည်။အကြောဆန့်ကိုအားရပါးရဆန့်လိုက်ပြီးအိပ်ယာပေါ်မှခန္တာကိုယ်ကိုထရန်သာပြင်ဆင်တော့သည်။

အိပ်ယာပေါ်ကထရန်ပြင်ဆင်ချိန်တွင်မနေ့ကကိစ္စကို‌တွေးမိပြီစိတ်ထဲဘ၀င်မကျဖြစ်သွားရတော့သည်။သူ ယူလေး ရဲ့စိတ်ကိုမခန့်မှန်းတတ်သေးပါ။သူ့ကိုစိတ်ဆိုးသွားပြီးအေးဆက်သွားမှာကိုလည်းမလိုလားပါ။မနေ့ကကိစ္စကြောင့် ရှင်းယူ ဟျောင့်စိတ်ဆိုးနေမှာသေချာပင်ဖြစ်သည်။ရှင်းယူစိတ်ကိုမခန့်မှန်းနိုင်ပေမယ့်ဒီလောက်ကတော့သူသိပါသည်မပြောမဆိုပဲရင်ခွင်ထဲထည့်လိုက်သည်ကို။

မနေ့ကကိစ္စကိုပြန်တွေးပြီးဒိုဟွန်းရဲ့သာယာနေသောမနက်ခင်းဟာနည်းနည်းစိတ်ညစ်စရာကောင်းသွားတော့သည်။

"ဒိုဟွန်းရေထပြီးလားကျောင်းသွားဖို့ကောပြင်ဆင်ပြီးပြီးလားမေမေတို့ရှိဘူးဆိုပြီးကျောင်းလစ်ဖို့စိတ်မကူးနဲ့နော်အစားလည်းပုံမှန်စားညဘက်လည်းနောက်ကျမှအိပ်နဲ့ဂိမ်းတွေလည်းအရမ်းကြီးဆော့နဲ့နော်စာလည်းသေချာလုပ်အုံးပြီးတော့မုန့်ဖိုးထားခဲ့တယ်မေမေတို့ဘယ်လောက်ကြာမယ်မှန်းသေချာသေလို့များများထားခဲ့လိုက်တာမေမေတို့လာခင်ကုန်သွားရင်လည်းလှမ်းပြောလိုက်မေမေလွှဲပေးလိုက်မယ်မေမေကအစကကဒ်ထားပေးခဲ့လို့ပဲမင်းကကဒ်ပေးလိုက်ရင်စာမလုပ်တော့မှာဆိုးလို့ထားပေးခဲ့တာ...ဒိုဟွန်းရေမေမေပြောနေတာကြားရဲ့လားသား အခုထိအိပ်တုန်းလား"

 ⁠♡Lover from high school ✿ /⁠/ Doshin Where stories live. Discover now