"Morning!! Hyung"
"ဘာထလုပ်နေတာလဲအစောကြီး"
"အစောကြီးနိုးလာလို့ပေါ့"
"မင်းဒီနေ့ပျင်းနေတော့မယ်ထင်တယ်hyungကကျောင်းသွားစရာရှိသေးတယ်"
"မပျင်းပါဘူးရပါတယ်တစ်ယောက်တည်းသွားလည်းဖြစ်တယ်"
"အီဂယောင်းမင်းသတ္တိကောင်းနေတာ"
"ကျွန်တော်ဒီမှာမွေးခဲ့တာပါနော်ကိုယ်မွေးတဲ့အရပ်ပဲဟာကို"
"ဟုတ်ပါပြီ"
"ဘာတွေပြောနေကြတာလဲညီအစ်ကိုနှစ်ယောက်"
"ဘာမှမဟုတ်ပါဘူးမေမေ"
"ယူလေးမနက်စာစားသွားအုံးလေ"
"ဟင့်အင်းမစားတော့ဘူးသွားနှင့်တော့မယ်ဒီနေ့စာမေးပွဲဖြေစရာရှိတော့"
"Fighting hyung!!!!!"
"မင်းရဲ့hyungကမပြောလည်းရတယ်ဂယောင်းမင်းရေအားယားနေစာလောက်လုပ်နေတာ"
"အဲ့ဒါကြောင့်လူအိုကြီးဖြစ်နေတာပေါ့အချစ်အကြောင်းဘာမှနားမလည်ဘယ်လိုပြောရမလဲမသိဖြစ်နေတာလေ"
ဂယောင်းမင်းနဲ့မေမေမှာသူ့ကိုစနောက်သလိုမျက်လုံးများဖြင့်ကြည့်၍ဧည့်ခန်းတွင်ထိုင်ပြီးရယ်နေကြလေသည်။
"တော်ပြီဗျာ...သွားတော့မယ်"
မနက်ခင်းစောစောစီးစီးအဖဲ့ခံလာရ၍ဆူပုတ်ပြီးထွက်လာပါသောယူလေးပါပင်။
"ကျောင်းသွားတော့မလို့လားအစ်ကိုလေး"
"အင်း"
"မျက်နှာကဆူပုတ်နေတာဘာဖြစ်လာတာလဲအစ်ကိုလေးဘာကိုစိတ်တိုင်းမကျလို့လဲ"
"ဘာဖြစ်ရမှာလဲအထဲကဆွေမျိုးမတော်တဲ့သားမိနှစ်ယောက်ပေါ့လူကိုဖဲ့နေတော့တာပဲ"
ဆူပုတ်ပြီးပြောနေသောယူလေးပုံစံအားကြည့်ပြီး driver ဖြစ်သူမှလည်းပြုံးစိစိသာဖြစ်နေတော့သည်။
xxx
"ကင်မ်ဒိုဟွန်းရေ..!!!မင်းကိုမနိုးရတဲ့ရက်ကိုမရှိဘူးထပါတော့"ဒိုဟွန်းတို့သားမိနှစ်ယောက်ရဲ့မနက်ခင်းတွေကတော့ပုံစံတူပါပင်။
![](https://img.wattpad.com/cover/367922963-288-k413453.jpg)
YOU ARE READING
♡Lover from high school ✿ // Doshin
Fanfictionမင်းကိုမချစ်ဘူးလို့ဘယ်သူပြောလဲဒိုဟွန်း