episode {11}

78 11 1
                                    

ဒီနေ့တော့မိုးလင်းကတည်းကရွာနေသောမိုးဖွဲဖွဲ‌ကြောင့်ဒိုဟွန်းအိပ်ယာထဲမှာပဲနေချင်နေတော့သည်။မနက်ခင်းထုံးစံအတိုင်းမေမေ၏အသံမကြားခင်အထိမထချင်သေးပေ။ကျောင်းပိတ်ရက်တွေအပြီးကျောင်းဖွင့်ရက်တွေရောက်လာခဲ့ပေသည်။ကျောင်းဖွင့်ရက်ကြီးမိုးရွာနေသောကြောင့်အိပ်ယာထဲတွင်သာကွေးချင်နေသောဆန္ဒကိုတားလို့မရပါပေ။နှစ်၀က်စာမေးပွဲတွေပြီးလို့ပိတ်ရက်ရပြီးပြန်ဖွင့်သောကြောင့်အထက်တန်းဒုတိယနှစ်ပြီးဖို့သိပ်မလို့တော့ပါပေ။ယူလေးနှင့်အတူကျောင်းမှာအတူရှိနိုင်ဖို့အချိန်လည်းသိပ်မရှိတော့ပေ။

အတွေးပေါင်းစုံတွေးနေသောဒိုဟွန်းအားမေမေ၏အသံကြောင့်ထလာပြန်ရတော့ပေသည်။

"ကင်မ်ဒိုဟွန်းရေ...ထတော့လေ"

"ထပါပြီလို့မေမေရေ..."

မေမေအားထပြီးပြော၍ရေချိုးရန်သာတစ်ခါတည်း၀င်လာခဲ့တော့သည်။

"အမယ်...ဒီနေ့စိတ်ကြည်နေတာလားမနက်ခင်းလည်းသိပ်မနှိုးလိုက်ရဘူး"

"မဟုတ်ပါဘူးမေမေမနှိုးခင်ကတည်းထနေလို့ပါနော်"

"အေးပါ...ဒါနဲ့မေမေသူငယ်ချင်းတို့သားအမိလေသူတို့ကအမေရိကန်မှာနေကြတာဒီနေ့ပြန်လာတာလေအဲ့ဒါသူ့သမီးကယူလေးနဲ့အသက်တူတူပဲ..သူကအမေရိကန်မှာမွေးတာအဲ့ဒါအဲ့ဒီကောင်မလေးကိုသွားချင်တဲ့နေရာလိုက်ပို့ပေးလိုက်ပါအုံးပိတ်ရက်တွေကြရင်‌ဒီအိမ်မှာတော့မနေဘူး"

"ဟာ....မေမေကလည်းသားကိုအားနေတယ်များထင်နေလား...hyungအတွက်ပဲအားတာနော်..ကျန်တဲ့လူအတွက်မအားဘူး"

"အမလေးးကင်မ်ဒိုဟွန်းရယ်...ငါမေးမိလို့လားမင်းကိုယူ‌လေးအကြောင်းမပါရင်မပြောတတ်ဘူးလား..."

"မေမေကလည်း..မေမေပြောလို့လေhyungနဲ့အသက်တူတယ်ဆိုလို့အသက်တူလည်းhyungမဟုတ်လို့ကိုအချိန်မပေးချင်ဘူး.."

"လိုချင်တာ၀ယ်ပေးမယ်..."

"လိုချင်တာကတော့hyungကိုပဲ"

"အေး‌....ငါသွားပြောပေးမယ်.."

ဒိုဟွန်းမေမေကတော့ဆိုဖာပေါ်ထိုင်နေရင်ဒိုဟွန်းကိုရွဲ့သောပုံစံဖြင့်သာပြောလိုက်တော့သည်

 ⁠♡Lover from high school ✿ /⁠/ Doshin Where stories live. Discover now