episode (7)

82 8 2
                                    

"ဘိုင့်ဘိုင့်ဒီနေ့အများကြီးပျော်ခဲ့ရပါတယ်hyung good night နော်"

"အင်းငါလည်းပျော်ခဲ့တယ်"

"တာ့တာ့"

ယူလေးလည်းခေါင်းသာငြိမ့်ပြလိုက်တော့သည်။

"အမလေးးပါးစပ်ကြီးလည်းနားရွက်တပ်ချိတ်မိတော့မယ်ကင်မ်ဒိုဟွန်းရယ်"

"ဟာ...မေမေကလည်းသားဆိုပြောဖို့ချောင်းနေတာပဲလား"

"ငါပြောတာမှားလားမှန်လားကိုယ့်ဟာကိုမှန်ထဲသွားကြည့်အုံးပြုံးနေလိုက်တာများ..ဒီနေ့အတော်ပျော်ခဲ့ပုံပဲမနက်ကတည်းကနှစ်ယောက်ထွက်သွားကြတာခုနှစ်နာရီထိုးမှပြန်ရောက်လာကြတာဆိုတော့ဘာတွေလုပ်ခဲ့ကြတာတုန်း"

"ဘာကိုဘာလုပ်ရမှာတုန်းမေမေကလည်းဒီတိုင်းကစားကွင်းမှာဆော့ပြီးညနေခင်းစက်ဘီးပတ်စီးပြီးပြန်လာတာပေါ့"

"ကိုယ့်ဟာကိုလည်းပြန်ကြည့်ပါအုံးလက်ထဲကအရုပ်နဲ့ခေါင်းပေါ်ကခေါင်းကုတ်နဲ့ကလေးလိုလိုဘာလိုလိုနဲ့သွားရေသွားချိုးတော့ ပြီးရင်အောက်ဆင်းလာခဲ့ ညစာစားကြမယ်"

"အင်းအင်းဟုတ်ပြီ"

"အပျော်တွေလွန်ပြီးတက်ရင်မနေ့ကလိုဖြစ်မနေမယ်နော်ဆေးထပ်မစည်းပေးဘူး"

"မဖြစ်ပါဘူးဆို"

ဒိုဟွန်းလည်းမေမေကိုနှုတ်ခမ်းလေးဆူပုတ်ကာရန်ထောင်ပြီးအပေါ်တက်ခဲ့တော့သည်။

အပေါ်တက်သူ့အခန်းထဲသို့ရောက်သည်နှင့်၀ရံတာမှထွက်ကာမြင်နေရသောအခန်းလေးအားကြည့်မိသည်။

မီးမလင်းနေသောအခန်းလေးကိုငေးရင်းနှင့်ညလေအေးတိုက်ခတ်နေသောအရသာကိုခံစားရင်းပင်။

*Hyung အိပ်နေပြီးလားhyungအခန်းမီးကဖွင့်လာလို့အိပ်နေပြီးလားမေးတာအိပ်နေတယ်ဆိုလည်းကောင်းကောင်းအိပ်ပါhyung*

ယူလေးဆီmessageပို့ပြီးနောက်ဒိုဟွန်းလည်းအခန်းထဲသာ၀င်လာခဲ့တော့သည်။

"ယူလေးပြန်လာပြီးလား"

"အင်း"

"ယူလေး.."

 ⁠♡Lover from high school ✿ /⁠/ Doshin Where stories live. Discover now