"အခုခောတ်ကလေးတွေများ..ရမ်းကားလိုက်ကြတာ..."
ကျောင်းကအပြန်လမ်းကြားတစ်ခုထဲတွင်ရန်ဖြစ်နေသောလူတစ်စုအားတွေ့သည်ကြောင့်မဒီတစ်ကိုယ်တည်းပြောလိုက်မိသည်။
မိန်းကလေးတွေတောင်ပါသေးသည်။
"အကြောက်အလန့်မရှိကြဘူးကွယ်..."
ခုံတစ်ခုပေါ်တွင်ခြေချိတ်ထိုင်နေသောမိန်းကလေးတစ်ယောက်သည့်မဒီ့မျက်လုံးထဲကန့်လန့်။
ဆံပင်တစ်ခေါင်းလုံးသည်အစိမ်းရောင်ကာလာဆိုးထားသည့်အပြင်ဆေးလိပ်အားမာန်ပါပါနှင့်ဖွာနေသေးသည်။"ဟေ့..တီချယ်..ကြည့်ချင်ရင်အနီးကပ်လာကြည့်လေဗျာ.."
"ဟား...ဟား.."
မဒီ့အားလှမ်းစနေသည်ကြောင့်မဒီ့ခြေလှမ်းတွေပိုမြန်လိုက်ရသည်။
ဖြူစိမ်းကျောင်းယူနီဖောင်းနဲ့တောင်အစနောက်ခံရသည်လား။
စရိုက်တွေ...စရိုက်တွေ..။"သမီး..ဘာဖြစ်လာတာတုန်း..."
"ပြောကိုမပြောချင်တော့ဘူး..မေမေရေ..."
ချည်ထိုးနေသည့်မေမေ့ဘေးထိုင်ချကာထမင်းချိုင့်ခြင်းအားစားပွဲပေါ်တင်သည်။
"ဘာဖြစ်လို့တုန်း...မမ.."
အခန်းထဲမှရေထွက်သောက်သောမောင်လေးဖြစ်သူလည်းမေးလာသည်ကြောင့်..
"လမ်းမှာလူမိုက်အုပ်စုတစ်ခုတွေ့တာလေ...ငါ့ကိုစကြသေးတာ.."
"အယ်...ဘယ်လူမိုက်အုပ်စုလဲ..."
"ဘာလဲ..နင်ကသွားချမလို့လား.."
"မဟုတ်ပါဖူး..မမရယ်..သားကဒီတိုင်းမေးကြည့်တာ..."
သူ့ကိုယ်သူ'သား'ဟုသုံးတတ်သောကောင်လေးသည်၂၅နှစ်။
မဒီ့ထက်၉နှစ်ငယ်သည်။
ဘွဲ့ရပြီးသော်လည်းပေတေ၍အိမ်တွင်ဂိမ်းသာဆော့နေသည်။အသားညိုသည့်နောင်သူရသွေးနှင့်အသားဖြူသည့်ညှို့မဒီမှိုင်းတို့သည်မောင်နှမဟုဆိုဖွယ်ရာမရှိ။
အကျင့်စရိုက်ရောရုပ်ရည်ရောအတော်ပင်ကွာလှသည်။~
"ဒေါ်ညှို့မဒီမှိုင်းတဲ့..သိလား..မေကြီး..တီချယ်ကအရမ်းလှတာ...အသင်အပြလဲတော်တယ်...ကျူရှင်ဝိုင်းတွေကငှားတယ်ဆိုပေမဲ့တီချယိကလိုက်မသင်ဖူးတဲ့..သမီးတို့ကျောင်းမှာကျူရှင်မသင်တဲ့ဆရာမဆို....
တီချယ်မဒီဘဲရှိတယ်ရယ်..."
YOU ARE READING
နှလုံးသားအားညှို့ယူသော
Romanceနိဗ္ဗာန်မရောက်ချင်ဘူး..တီချယ်.. မျက်မှန်အောက်ကတီချယ့်မျက်ဝန်းတွေ.. ကျုပ်ထိုင်ငေးချင်တာ... #ချမ်းထက်မောင်