6

791 43 2
                                    

၉နာရီ၅မိနစ်ရှိလေပြီ။
အကြိုအပို့လုပ်ပေးသောထိုကလေးမကိုမတွေ့ရသေး။

"နောင်နောင်ကိုဘဲလာကြိုခိုင်းရင်ကောင်းမယ်ထင်တယ်.."

ဖုန်းကိုထုတ်ပြီးဆက်မယ်လုပ်မှပြိုင်ကားအပြာလေးသည်မဒီရှေ့ထိုးရပ်လာသည်။
ကားမှန်ချကာမဒီ့အားကြည့်လာသည်ကထိုမိန်းကလေး။

နှုတ်ခမ်ထောင့်တွင်ကွဲရာတစ်ခု။
မျက်လုံးတစ်ဝိုက်တွင်လည်းအညိုအမဲစွဲနေသည်။
မဒီခေါင်းခါမိလိုက်သည်။

ရန်ဖြစ်လာတယ်ထင်တယ်..
ဒီလိုဆိုးသွမ်းနေလို့..
ဒါ့‌ကြောင့်မင်းကိုကြည့်မရတာ။

"တောင်းပန်ပါတယ်...ကျုပ်လုပ်စရာလေးရှိလို့နည်းနည်းနောက်ကျသွားတယ်.."

မဒီသည်ဘာမှမပြော။
ကားနောက်ခန်းတွင်ဝင်ထိုင်သည်။
မဒီစဉ်းစားမိသေးသည်။
ထိုသို့ဆိုးသွမ်းနေသောကလေးအားမိဘတွေကမဆုံးမကြဖူးလားဟု။

"ဟို..ခရေပန်းကြိုက်တာလား..ခင်ဗျားက.."

"ကျစ်..ခင်ဗျား..ခင်ဗျား..နားထဲကြားရတာအဆင်မပြေလိုက်တာ..လူကိုမင်းနဲ့ရွယ်တူများမှတ်နေလား..."

မဒီအော်လိုက်တော့လန့်သွားသည့်သူ့ပုံ။
အဲတာသူ့ပုံစံအမှန်မဟုတ်တာကိုဘာကြောင့်ဟန်ဆောင်နေရသလဲ။

"အာ..တောင်းပန်ပါတယ်..ကျုပ်ကအဲလိုဘဲပြောတတ်လို့..."

ထိုသို့မျက်လွှာချကာပြောတော့လည်းသနားစိတ်ကဝင်မိပြန်သည်။

"ထားလိုက်တော့..ပြောတတ်သလိုပြော.."

"ခရေပန်းကြိုက်လားလို့မေးတာရယ်..."

"အင်း..ဘာလို့လဲ..."

"ဒီတိုင်းမေးကြည့်တာပါ.."

ထပ်၍တိတ်ဆိတ်သွားပြန်သည်။
‌မိန်းကလေးအများကြီးအားစကားတစ်ခွန်းနှစ်ခွန်းနှင့်ကစားလာခဲ့သည့်ချမ်းကထိုနေရာတွင်တော်တော်ညံ့နေသည်ဟုဆိုရမည်။

ထိုအမျိုးသမီးကသူ့အားပေါ့ပျက်ပျက်လူဟုအထင်မခံနိုင်သောကြောင့်ဖြစ်သည်။

မဒီ့အိမ်သို့သာရောက်သွားသည်။
ချမ်းမှာငေးကြည့်နေရုံသာတတ်နိုင်သည်။
ဖွင့်ပြောလိုက်ရမလားဟုတွေးပြန်တော့လဲ
တွေ့တာမှမကြာသေးတာကို‌မလေးနက်ဟုအထင်ခံရမှာလဲကြောက်သည်။

နှလုံးသားအားညှို့ယူသောWhere stories live. Discover now