4

1K 60 3
                                    

"ဝိုးတဝါးလမ်းများကို‌မကျော်လွန်နိုင်သေးခင်..."

"အပြာမိုးသားရိပ်အောက်ပျဉ်အိမ်လေးတစ်လုံးဆောက်နှင့်နေခဲ့.."

"ဒေစီခင်းနဲ့ခွေးလေးတွေရှိမယ်.."

"အကြင်နာလှိုင်းများရက်တွယ်လို့ရယ်.."

"ငါ့ဘဝတောင့်တမိတယ်..မင်းရဲ့အချစ်များထဲ..."

ဖုန်းထဲဖွင့်ထားသောသီချင်းအားပိတ်လိုက်သည်။

အမေ့အမိန့်ကြောင့်သူကားထဲကစောင့်နေရပေမဲ့အမျိုးသမီးကိုတွေ့ချင်သည်မှာတစ်ပိုင်းပင်သေနေပြီ။
သူ့စိတ်နဲ့ဆိုအိမ်ထဲဝင်သွားပြီးတွေ့နေလောက်ပြီ။

ဒါပေမဲ့
"ချမ်းလေးကိုသိပ်ကြည့်မရဖူးထင်တယ်နော်..ချမ်းပါရင်စကားပြောရနည်းနည်းခက်မယ်လို့မေမေထင်တယ်...အဲတာကြောင့်ကားထဲမှာဘဲနေခဲ့..."ဆိုတဲ့စကားတစ်ခွန်းကြောင့်သူငြိမ်နေရသည်။

"ကြာလိုက်တာ..မေမေရာ..."

ပျဉ်ထောင်အိမ်လေးအားလှမ်းကြည့်၍သူပြောမိပြန်သည်။
~

"ဟုတ်ကဲ့..အန်တီ...သမီး‌ကိုတွေ့ချင်တယ်ဆိုလို့..."

"အော်..ဆရာမညှို့မဒီမှိုင်းလား..."

"ဟုတ်..."

"ခြူးခြူးကပိုပြော‌တယ်မှတ်နေတာ..တကယ်လဲလှသကိုးကွဲ့..."

ပိုပြောသည်ဟုသုံးရခြင်းသည်သူမ၏သမီးဖြစ်သူကြောင့်ပင်။
ထိုမိန်းကလေးအကြောင်းအဓိပ္ပာယ်ဖွင့်‌နေသည်မှာမပြီးနိုင်မစီးနိုင်ပင်။

"အန်တီကဒေါ်မြသားငယ်ကွယ်...ခြူးခြူးရဲ့အဖွား..."

"ရှင်..."

အဖွားဟူသည်ကြောင့်မဒီလန့်သွားသည်။
ပုံစံသည်လုံးဝအသက်ကြီးပုံကိုမပေါ်။

"ခြူးခြူးအတွက်Mathနဲ့Phyအတွက်ငှားချင်လို့ပါကွယ်....ဆရာမအဆင်ပြေမလားတော့မသိဘူး...ဆရာမကကျူရှင်မသင်ဘူးဆို..."

"မမမြမလားဟင်..."

မဒီ့အမေ၏အသံ။
လက်တွင်အအေးခွက်အားကိုင်ထားလျက်အံ့ဩနေဟန်။

"မေမေသိလို့လားဟင်..."

"မမမြ..ကျွန်မကိုမှတ်မိလားတော့မသိဖူး..မမမြကကျွန်မတို့ကျေးဇူးရှင်ဆိုတော့ကျွန်မကမှတ်မိနေတာရှင်.."

နှလုံးသားအားညှို့ယူသောWhere stories live. Discover now