မဒီ့မှာထိုကလေးမအားအိမ်ထဲခေါ်မိသည်ကိုပင်မှားပြီဟုထင်နေမိသည်။
နောင်နောင်မှာမနက်စာစားနေရင်းပင်ချမ်းထက်မောင်ဆီမှအကြည့်မခွာတော့။မဒီသည်လည်းကိုယ့်ကိုကိုယ်ဘာဖြစ်နေသည်ကိုမသဲကွဲ။
ထိုကလေးမတော့မဒီချက်ထားသည့်မုန့်ဟင်းခါးအားလက်မတစ်ထောင်ထောင်ဖြင့်စားနေလေသည်။"သမီးက..အကိုချမ်းနဲ့တူတာဘဲ..."
မဒီ့အဖေ၏စကားသံပင်။
ချစ်စရာကောင်းသည်ဟုဆိုကာဖေဖေကောမေမေပါထိုကလေးမကိုအချစ်ပိုနေကြသည်။"ဟီး..ဒါကြောင့်ကျုပ်ကို...အ့.."
ဘေးချင်းကပ်ထိုင်နေသည်မို့မဒီသည်သူ့ပေါင်အားလိမ်ဆွဲလိုက်သည်။
"လူကြီးနဲ့ပြောရင်ကျုပ်လို့မသုံးရဖူး...
ချမ်းထက်မောင်.."ထိုသို့အသက်ကြီးကြီးလူများနှင့်အမျိုးသမီးနှင့်ပတ်သတ်၍သာသူစကားပြောဖူးသည်။
သူ့ကိုယ်သူ'သမီး'ဟုလည်းမသုံးချင်။
'ချမ်း'လို့ကိုယ့်ကိုကိုယ်သုံးခြင်းသည်မိသားစုဝင်များအတွက်သာပင်။'အင်း..နောက်လဲဒီဦးလေးနဲ့အဒေါ်ကနေ
ယောက္ခထီးနဲ့ယောက္ခမတွေဖြစ်လာမှာဘဲ။
It's so fine..ချမ်းထက်မောင်'ချမ်းသည်အဆိတ်ခံရသောပေါင်အားပွတ်ရင်း။
"သမီးကလည်းကလေးကိုနာအောင်...
ချမ်းရေ..အန်တီ့သမီးကတော့မြင်တဲ့အတိုင်းဆရာမဆိုတော့လက်သံပြောင်တယ်ဟေ..""ဟီး..ရပါတယ်...ချမ်းသဘောကျတယ်.."
'သဘောကျတယ်'ဟူသည့်စကားအားမဒီ့အနားကပ်ပြောသည်မို့ဘေးဘီဝဲကြည့်မိတော့အကုန်လုံးသည်သူ့အာရုံနှင့်သူ။
နှာထနေသည့်မောင်ဖြစ်သူသာချမ်းအားတမေ့တမောကြည့်နေသည်။"နောင်နောင်...စားစရာရှိတာအမြန်စားလေ..အလုပ်ဆင်းတာမကြာသေးဖူး..နောက်ကျတော့မယ်.."
"အာ..ဟုတ်သားဘဲ..သားသွားပြီနော်.."
မဒီ့ပြောမှနာရီကြည့်၍ပျာယာခတ်သွားသောနောင်နောင်။
အိတ်အားဆွဲကာပြေးထွက်သွားသည်။"ချမ်းလေး..နေ့လည်စာပါစားရင်စားသွားနော်.."
အနေတည်သောဖေဖေပင်ထိုကလေးမအားသဘောကျ၍နေသည်။
သူသည်ချစ်မွှေးပါသည်လား။

YOU ARE READING
နှလုံးသားအားညှို့ယူသော
Любовные романыနိဗ္ဗာန်မရောက်ချင်ဘူး..တီချယ်.. မျက်မှန်အောက်ကတီချယ့်မျက်ဝန်းတွေ.. ကျုပ်ထိုင်ငေးချင်တာ... #ချမ်းထက်မောင်