"မမ.."
"ဟေ.."
ကျောင်းလွှတ်ချိန်ကျောင်းမှအိမ်သို့အပြန်လမ်းပင်။
ကျောင်းအကြိုကိုနောင်နောင်သည်အလုပ်ကအပြန်သူ၏ဆိုင်ကယ်အသေးလေးနဲ့လာကြိုသည်။"သားကိုဟိုကလေးမနဲ့အောင်သွယ်ပေးပါလားဟင်..."
"ဟမ်..."
နောင်နောင်ပြောသည့်'ကလေးမ'ဆိုသူသည်ချမ်းထက်မောင်။
မဒီသက်ပြင်းပင်ချမိသွားသည်။
မောင်နှမနှစ်ယောက်စလုံးသဘောကျမိသည့်သူကကလေးမတစ်ယောက်တည်းပင်။မဒီမည်သို့လုပ်ရမည်နည်း။
"မမ..သားပြောတာကြားလား.."
"အင်း..ကြားတယ်...ကြားတယ်..ချမ်းထက်မောင်နဲ့ငါကမရင်းနှီးဘူးလေ..."
"ဟာ..မမကလဲဗျာ..သားသူ့ကိုတကယ်သဘောကျနေတာရယ်.."
မဒီလုပ်ရပ်မှန်မည်ထင်သည်။
ချမ်းထက်မောင်အားမည်သူ့ကိုမှမပေးချင်။
မည်သူ့မျှလဲမပေးနိုင်။
မဒီချစ်မိသွားပြီထင်သည်။
အတ္တလေးပင်ထားတတ်နေပြီလေ။~
"ပူလိုက်တာ...."
မဒီပေးထားသောနာရေးယပ်တောင်အားတစ်ဖျတ်ဖျတ်ခတ်ကာပြောနေသောချမ်းထက်မောင်။
မဒီစာဖတ်နေရင်းမှမျက်လုံးဝေ့ကြည့်မိသည်။မဒီနှင့်သူသည်ပထမဆုံးနမ်းခဲ့သောကွပ်ပျစ်ပေါ်တွင်ထိုင်ကာစာဖတ်နေသည်။
တစ်ချိန်လုံးအဲကွန်းအခန်းထဲတွင်နေလာခဲ့သည့်မိန်းကလေးကနွေရာသီအပူဒဏ်ကို
မခံနိုင်ချေ။ဒီတစ်ခေါက်နွေကပိုပူတယ်ထင်ပါရဲ့
"အိမ်ထဲဝင်မလား..ခနနေမီးလာတော့မှာ..ပန်ကာဖွင့်လို့ရပြီ..."
"ခုချိန်ပန်ကာဖွင့်လဲအေးနိုင်မှာမဟုတ်ဘူးထင်တယ်..."
မည်မျှပင်ပူသည်မသိ။
အသားဖြူသည့်ထိုကလေးမ၏မျက်နှာမှာနီရဲလျက်ပင်ရှိနေသည်။"မင်းအိမ်ပြန်တော့ကွယ်...ဒုက္ခခံပြီးမင်းမို့တို့ဆီလာတယ်..."
"မပြန်ချင်ပါဖူး..ဟုတ်တယ်လေ..ကျုပ်မို့လို့လေ..ခင်ဗျားကိုချစ်လို့နွေရာသီကိုအန်တုနေတာ..."
YOU ARE READING
နှလုံးသားအားညှို့ယူသော
Romanceနိဗ္ဗာန်မရောက်ချင်ဘူး..တီချယ်.. မျက်မှန်အောက်ကတီချယ့်မျက်ဝန်းတွေ.. ကျုပ်ထိုင်ငေးချင်တာ... #ချမ်းထက်မောင်