8

1K 56 2
                                    

တန်ဆောင်တိုင်ကိုမရွှန်းနဲ့ခြူးခြူးနဲ့လည်နေရသည်။
မေမေတို့ကတော့တန်ဆောင်တိုင်ကိုပြင်ဦးလွင်‌ရှိညဈေးတန်းတွင်လည်မည်တဲ့။

ခြူးခြူးသည်မရွန်း၏လက်မောင်းအားဖက်ထားကာလျှောက်နေသည်။
မရွန်းသည်အရပ်ပုသည့်အတွက်ခြူးခြူးပင်အနည်းငယ်ရှည်နေလေသည်။

အင်းလေ..ခြူးခြူးကငါးပေရှစ်ရှိတဲ့ချမ်းကိုတောင်မှီတော့မည်လေ။

သူ့မှာအလှလေးနှစ်ယောက်နဲ့သွားရသည်ကြောင့်မျက်လုံးဒေါက်ထောက်ကြည့်နေရသည်။
ဘယ်ယောင်္ကျားကဖြင့်တဏှာမျက်လုံးနှင့်ကြည့်မလဲဟုနောက်ကလိုက်ကာကြည့်နေရသည်။

ခြူးခြူးအမေကတရုတ်ဖြစ်သည့်အတွက်ခြူးခြူးသည်အသားဖြူဒေါင်ကောင်း၍တော်တော်ပင်လှသည်။
မွေးရာပါကောက်သည့်ဆံပင်တို့ကလည်းပနံသင့်စွာရှိသေးသည်။

"မမချမ်း..ပင်လယ်ဓားပြစီးရအောင်..."

"မစီးချင်ဖူး..မရွှန်းနဲ့အတူသွားစီး..သွား.."

"အဲဆိုငါကလေးကိုအဖော်လိုက်စီးပေးလိုက်အုန်းမယ်...နင်ငါတို့အတွက်ဘာဘယ်တီးသွားဝယ်ပေးထား.."

"ဟုတ်ကဲ့ပါ..."

"လာ..လာ..တီလေးရွှန်း..မြန်မြန်သွားရအောင်"

အမဖြစ်သူ၏စေခိုင်းချက်ကြောင့်သူ၏ဟူဒီအိတ်ထဲလက်ထည့်ကာဘာဘယ်တီးရောင်းသည့်ဆိုင်ဘက်ထွက်လာခဲ့သည်။
ညဈေးသွားမည်ဟုအတင်းဆွဲလာသောနှစ်ယောက်ကြောင့်သူ့မှာအိမ်နေရင်းဘောင်းဘီအတိုပင်မလဲခဲ့ရချေ။
ဟူဒီအမဲသာကောက်စွပ်လာရသည်။

"အယ်..ခင်ဗျား.."

ဘာဘယ်တီးဆိုင်တွင်မုန့်ဝယ်နေသောအမျိုးသမီးအားနှုတ်ဆက်လိုက်ပေမဲ့ဘေးရှိ
ယောင်္ကျားတစ်ယောက်ကြောင့်ချမ်းမျက်နှာတည်သွားသည်။
ထိုနေ့ကဒေါ်ညှို့မဒီမှိုင်းခါးဖက်ကာ‌ဆိုင်ကယ်မောင်းတဲ့သူကထိုလူ။

"ချမ်းထက်မောင်..."

သို့ပေမဲ့ချမ်းဂရုမစိုက်။
ချမ်းသူ့အမျိုးသမီးအားအသာအယာပြုံးပြသည်။
ဘေးရှိလူသည်ချမ်းအားစိုက်ကြည့်နေသည်။

နှလုံးသားအားညှို့ယူသောWhere stories live. Discover now