Ch-5

92 21 0
                                    

Unicode
Arc 1 - The Bloody Apartment (5)

ရှန်းယွီ၏ စကားကို အခြားလူများက ကြားသောအခါ ပထမတွင် လန့်ဖျပ်သွားပြီး အားလုံးက "မင်းဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ" ဆိုသည့် အမူအရာအား ပြသလာကြသည်။

ရှုကျောက်ကျောက်၏ မျက်လုံးများသည် ထိတ်လန့်စွာ ပြူးကျယ်သွားပြီး "နင်ရူးနေတာလား”

ဒီအချိန်မှာ သူမရဲ့အမူအရာက ထခုန်တော့မတတ်ဖြစ်နေပြီး "နင်ဘာလို့ဒီလိုလူမျိုးနဲ့ လဲလှယ်ချင်တာလဲ၊ ဒီလူက လူယုတ်မာ၊ တော်တော့်ကိုဆိုးတယ်၊ ကယ်တင်ဖို့မထိုက်တန်ဘူး။ နင့်ရဲ့ကိုယ်ပိုင်ဘဝကို မစွန့်လွှတ်ချင်စမ်းပါနဲ့…"

ထိုအချိန်တွင် ဆံပင်တိုမိန်းကလေးက ရှုကျောက်ကျောက်၏ပခုံးပေါ်သို့ သူမ၏လက်ကိုတင်ကာ မည်သည့်စကားမှ မဆိုလာတော့ပေ။

ရှန်းယွီနောင်တရမည်ကို စိုးရိမ်သဖြင့် မျက်မှန်တပ်ထားသည့် အမျိုးသားက ပန်းရောင်သော့ကို အမြန်ဆွဲယူပြီး ပြုံးကာပြောလိုက်သည် "ညီလေး၊ အရှေ့အဆောက်အဦးမှာ နေထိုင်သူတွေက သေဖို့သေချာတယ်လို့ ဘယ်သူပြောလဲ၊ မင်း လုံးဝကြောက်စရာ မလိုပါဘူး။ အဆင်ပြေသွားမှာပါ!”

အရှေ့အဆောက်အအုံတွင် အန္တရာယ်ဖြစ်မည်ဟု ယခင်က သူကိုယ်တိုင်ပြောခဲ့ဖူးသော်လည်း ယခုအခါ ပန်းရောင်သော့ကို ရလိုက်သည်နှင့် မုသားစကားများ စတင်ပြောဆိုလာတော့သည်။

သူသည် ရှန်းယွီဘေးမှ Annoymous ထံသို့ လက်ကိုဆန့်လာပြီး ကလေးကို သူ့ဘေးနားသို့ ဆွဲတော့မလို အမူအရာနှင့် “စိတ်မပူပါနဲ့ ကလေးကို ထားခဲ့လို့ရပါတယ်၊ သူ့ကို စောင့်ရှောက်ပြီး အကာအကွယ်ပေးမှာပါ… “

Anonymous ၏ မျက်လုံးများမှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး အနည်းငယ် ရွံရှာသွားကာ  မျက်မှန်တပ်ထားသည့် အမျိုးသား၏ လက်ကို ရှောင်လိုက်သည်။

"ကျွန်တော် သူနဲ့အတူ အရှေ့အဆောက်အဦးကို သွားမယ်။" ကောင်လေးက ဗြောင်ကျကျပြောလာသည်။

မျက်မှန်တပ်ထားသည့် အမျိုးသားက အံ့အားသင့်သွားပြီး "ဒါပေမယ့် မင်းတို့က လူနှစ်ယောက်လေ ပြီးတော့ မင်းတို့က အတွဲတွေတောင် မဟုတ်ဘူး၊ စည်းမျဥ်းတွေအရ မင်းတို့အရှေ့အဆောက်အဦးကို ဘယ်လိုသွားမလဲ…”

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Where stories live. Discover now