Unicode
Arc 1 - The Pink Apartment (3)နောက်နေ့တွင် ထိတ်လန့်တကြားအော်သံက တိုက်ခန်းအတွင်း သုဿန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်သည်။
သူဌေးချင်၏အလောင်းကို သူ၏ယာဉ်မောင်း တာ့စစ်ဟွမ်မှ ပထမဆုံးရှာဖွေတွေ့ရှိခဲ့သည်။ လူတစ်ယောက်ရဲ့ ရိုးရှင်းပြီး အစွမ်းထက်တဲ့ အသံက ဒီလိုအော်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ဘူး။
အော်သံကိုကြားတော့ ရှန်းယွီသည် ကလေးကို အခန်းအပြင်သို့ ဂရုတစိုက် ခေါ်သွားကာ အခြားလူများနှင့်အတူ အရှေ့အဆောက်အဦး၏ အခန်း 101 သို့ တယောက်ပြီးတယောက် ရောက်လာကြသည်။
တံခါးထဲဝင်လိုက်သည်နှင့် ပြတင်းပေါက်နားတွင် ဘော့စ်ချင်၏ ခန္ဓာကိုယ်မှာ တွဲလောင်းကျနေလျက်၊ သူ့ရဲ့အဆီတဝင်းဝင်းမျက်နှာကြီးက တံခါးဝသို့မူလျက် သူ၏ သွေးစွန်းနေသော မျက်လုံးများသည် တံခါးဝမှဖြတ်လျှောက်လာသောသူများအား စောင့်ကြည့်နေသကဲ့သို့ စိုက်ကြည့်နေခဲ့သည်။
လက်ထဲမှာတော့ သူ့ရဲ့ အနက်ရောင်စာအုပ်အား တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။
တာ့စစ်ဟွမ်သည် သူ့သူဌေး၏ ရင်းနှီးသော မျက်နှာကို ကြည့်လိုက်ရာ ရုတ်တရက် သူ့ခြေထောက်များက အားနည်းလာပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားကာ ပြတင်းပေါက်ကို ညွှန်ပြရင်း တုန်တုန်ယင်ယင်နှင့် စကားမပြောနိုင်ဘဲ နောက်ဆုံးတွင်တော့ အခန်းထဲမှ အန်လျက် ပြေးထွက်လာခဲ့သည်။
ရှန်းယွီသည် မသေဆုံးမီက ဘော့စ်ချင် ကိုင်ဆောင်ထားသည့် စာအုပ်ကို ဆက်လက်ကြည့်ရှုခဲ့သည်။
အခြားသူများ၏ ရွံရှာဖွယ် သို့မဟုတ် ထိတ်လန့်သော မျက်လုံးများက မည်သို့ပင်ရှိနေစေကာမူ အလောင်း၏လည်ပင်းကို ကိုင်ထားသည့် ကြိုးကို ဖြည်လိုက်ပြီး အလောင်းကို ကုတင်ပေါ်တင်ကာ လက်မှ အနက်ရောင်စာအုပ်ကို ယူလိုက်သည်။
သူသည် စာအုပ်၏ စာမျက်နှာများကို လှန်၍ ဖတ်လိုက်သည်။
[ရဲရင့်သော သန့်ရှင်းရေးသမား ဆယ့်သုံး
ယောက်သည် ပန်းရောင်တိုက်ခန်းတွင် တည်းခိုခဲ့သည်။]
YOU ARE READING
တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]
Misterio / SuspensoAssociated Name - 三流惊悚小说家[无限流] Author - 哈哈儿 Status in COO - 50 Chapters + 5 extras Translated language - Myanmar (Burmese) Source - Novel Updates Both Zawgi and Unicode are included ✓ I do not own this story. This is just a Myanmar fan translation...