Ch-16

59 13 2
                                    

Unicode

White Tower of Words 

Camellias (ကမဲလီးယားပန်း) သည် ကျိုးနွံမှု၊ သီလနှင့် စံပြအချစ်ကို ကိုယ်စားပြုသည်။ အေးစိမ့်နေသောရာသီ၌ပင် စိတ်ကြီးဝင်ခြင်း၊ ဗရန်းဗတာနိုင်ခြင်းတို့ အလျင်းမရှိ မြင့်မြတ်ခြင်းနှင့် လှပခြင်းတို့နှင့်သာ စွင့်ငွားစွာ ဖူးပွင့်လေသည်။

ဌာနအမည်ကို "Camellia" အဖြစ် ပေးထားကတည်းက ခေါင်းဆောင်သည် သူ၏မျှော်လင့်ချက်များကို ရှင်းရှင်းလင်းလင်းဖော်ပြထားလေသည်။

ရှန်းယွီက သူ့လက်မှတ်ကို စာရွက်ပေါ် ချထိုးလိုက်ပြီး "ခေါင်းဆောင်ခင်ဗျ အခု... ဌာနမှာ စုစုပေါင်း အဖွဲ့ဝင် ဘယ်နှစ်ယောက်ရှိလဲဟင်?"

ခေါင်းဆောင်က ဖိုင်ကို ခပ်မိုက်မိုက်ယူရင်း... "မင်း၊ ကိုယ်၊ ချွေဟွား၊ စုစုပေါင်း သုံးယောက်။"

ရှန်းယွီ: "ဒါပေမယ့် အပြင်မှာ လူတွေ အများကြီးပဲလေ..."

ခေါင်းဆောင်- "သူတို့အားလုံးကို တခြားဌာနက ခေါ်လာခဲ့တာ..."

ရှန်းယွီ: "..."

အခု ငြင်းဖို့ အရမ်းနောက်ကျသွားပြီလား...

သူသက်ပြင်းချလိုက်ပြီး ပင်လယ်ဓားပြသင်္ဘောထဲသို့ ကိုယ့်ခြေထောက်နှင့်ကိုယ် တက်လာမိသည်အထိ လှည့်စားခံလိုက်ရသလို ခံစားနေရသည်- "ကျွန်တော့်မှာ နောက်ဆုံးမေးခွန်းတစ်ခုရှိတယ်"

ခေါင်းဆောင်: "မေးလေ"

ရှန်းယွီ: "မင်းက ဘယ်လိုတောင် အဲ့လောက် အရပ်ရှည်နေရတာလဲ Anonymous" ထိုလူသည် လန့်ဖျပ်သွားပြီး ခဏမျှ ငြိမ်သက်သွားကာ "ဝတ္ထုထဲမှာ ကိုယ့်ရဲ့ပုံပန်းသွင်ပြင်ကို ဖုံးကွယ်ဖို့ skill နည်းနည်းလောက် သုံးခဲ့တာပါ..." ဟု တိုးတိုးလေးပြောလာသည်။

သူက ရှန်းယွီထံ လက်ကမ်းပေးလိုက်ပြီး "တကယ်တော့ ကိုယ့်နာမည်က ယွဲ့ကျယ်ပါ"

ရှန်းယွီက သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး "နိဟောင် ခေါင်းဆောင်၊ ခင်ဗျားရဲ့  ကလေးပုံလေးကို ကျွန်တော်အခုထိ သဘောကျနေတုန်းပဲ"

ယွဲ့ကျယ်: "...ထွက်​သွား"

Camellia ဌာနကို ကြီးကျယ်ခမ်းနားစွာ ပါဝင်လာခဲ့သည့် အမှတ်စဉ် 002 ၊ ရှန်းယွီသည် သူ၏ခေါင်းဆောင်ထံမှ ကန်ထုတ်ခံခဲ့ရသည်။

You've reached the end of published parts.

⏰ Last updated: Jan 31 ⏰

Add this story to your Library to get notified about new parts!

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Where stories live. Discover now