Ch-13

47 12 1
                                    

Unicode

Arc 1 - The Bloody Apartment (13)

ညတာမှာ ချမ်းအေးနေပြီး ရှန်းယွီ သူ၏ အနည်းငယ်ပူနေသောမျက်နှာအား သစ်လိုက်သောအခါ ရေများမှာ အေးစက်လို့နေသည်။

အခန်းမှ ထွက်လာပြီးနောက် စင်္ကြန်၌ယောင်ဝါးယောင်ဝါးလုပ်မနေဘဲ လျှောက်လမ်းအဆုံးရှိ ရေချိုးခန်းသို့ တိုက်ရိုက်တန်းသွားခဲ့သည်။

အိမ်သာအပြင်ရှိ အများသုံးရေချိုးခန်းထဲတွင် ရေပန်းများအပြင် ဘေစင်တစ်ခုနှင့် အသုံးမပြုတော့သည့် ညစ်ပတ်ပေရည်နေသော မှန်ကွဲများလည်းရှိသည်။

စိတ်လှုပ်ရှားမှုကြောင့် ထိုးတက်နေသော အပူချိန်များ ကျဆင်းသွားပြီးမှ ရှန်းယွီ ခန္ဓာကိုယ်ကို မတ်လိုက်ပြီး သူ့ရှေ့ရှိ မှန်ထဲကပုံရိပ်ကို ကြည့်လိုက်သည်။

ဟင်္သာပြဒါးကဲ့သို့ နီရဲနေသော မျက်လုံးတစ်စုံမှာ မှန်ထဲတွင်ပေါ်လာခဲ့သည်။ သူ့နောက်တွင် ရပ်နေပြီး အေးစက်စွာစိုက်ကြည့်နေခြင်းပင်။

သူမှန်ထဲကို ကြည့်လိုက်သည်နှင့် မကောင်းဆိုးဝါးက အစွယ်များအားဖော်ပြလာကာ သူ၏လည်ပင်းအား ညှစ်လာခဲ့သည်။

ရှန်းယွီမှာ အချိန်ကြာမြင့်စွာပြင်ဆင်ထားခဲ့သည်၊ မကောင်းဆိုးဝါး၏ အလစ်ဝင်တိုက်ခိုက်မှုအား ငုံ့ကာရှောင်လိုက်ပြီး မကောင်းဆိုးဝါးကို လက်ပြန်ဖြင့် ကိုင်ထားသော ဓားကို အသုံးပြု၍ ထိုးလိုက်သည်။ သူ့လက်ထဲရှိ ပါးလျပြီး ချွန်ထက်နေသော ဓားသွားသည် ငွေရောင်လင်းလက်နေခဲ့သည်။

ရှောင်ဟိုက်ဇိသေပြီးဖြစ်လာသော မကောင်းဆိုးဝါးသည် သူ၏ ရက်စက်သောနည်းလမ်းများအား ထိန်းသိမ်းထားဆဲပင်။ ၎င်းသည် လူသတ်ရာတွင် ခွေးများကြောင်များအား သတ်သည့်နည်းလမ်းနှင့် မခြားပေ။ သက်ရှိသတ္တဝါ၏ လည်ပင်းအား ညှစ်လိုက်ပြီး သူ့လက်ထဲရှိ သားကောင်၏ နောက်ဆုံးရုန်းကန်မှုများအား ကြည့်ရသည်ကို တော်"သဘောကျပုံရသည်။

[Nikolai: 熊孩子 = Xióng háizi = bear child = မိမဆုံးမ ဖမဆုံးမ ကလေး]

နောက်ဆုံးအကြိမ် ၎င်းတိုက်ခိုက်ခဲ့သူမှာ အနောက်အဆောက်အအုံ၏ ရေချိုးခန်းထဲရှိ ရှုထျင်းထျင်းဖြစ်သည်။ ရှန်းယွီက တမင်သက်သက် ထိုမကောင်းဆိုးဝါးအား မျှားထုတ်ရန် အရှေ့အဆောက်အအုံရှိ ရေချိုးခန်းအားသွားခဲ့ခြင်းဖြစ်သည်။

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Where stories live. Discover now