Ch-10

131 25 10
                                    

Arc 1 - The Bloody Apartment (10)
Unicode

【သင်ဘယ်လောက်ကြာအောင် အသက်ရှင်နိုင်မလဲ?】

ဒေါသတွေနဲ့ ပြည့်နှက်နေတဲ့ နောက်ဆုံးစာကြောင်းကို ကြည့်လိုက်တော့ ရှန်းယွီက မတတ်နိုင်ဘဲ မျက်မှောင်ကြုတ်မိသွားသည်။

ကျန်နှစ်ယောက်သည် ဇာတ်ကြောင်းပုံစံကို ဖတ်ရန် ၎င်းတို့၏ကိုယ်ပိုင် အနက်ရောင်စာအုပ်များကို  ဖွင့်ခဲ့သည်။

"ဝူးဟူး၊ ငါတို့တော့ သေပြီနဲ့တူတယ်!"

ချူဟွားသည် သူမ၏ အိတ်ကပ်ထဲမှ lollipop ကိုယူကာ သကြားပါသော စာရွက်ကို ဖယ်လျက် ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

Anonymous က စာမျက်နှာများကို အေးအေးဆေးဆေးပိတ်လိုက်သည်- "ဒီညတော့ ငြိမ်းချမ်းမှာ မဟုတ်ဘူး၊ လူတိုင်း သတိထားသင့်တယ်"

အချိန်တွေက လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ညဉ့်နက်လာပြန်သည်။

သော့များဖြန့်ဝေရန် မန်နေဂျာက ပြန်ပေါ်လာသည်။

သို့သော် ရှန်းယွီသည် မန်နေဂျာ၏မျက်လုံးများက သူတို့သုံးယောက်ကို ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ လှည့်ကြည့်နေသည်ဟု ခံစားလိုက်ရပြီး ရွှံ့လိုမျက်လုံးများသည် လျှို့ဝှက်မနာလိုစိတ်များ ပြည့်နှက်နေခဲ့သည်။

ဒါပေမယ့် နောက်ဆုံးမှာတော့ သူဘာမှ မလုပ်ခဲ့ပေ။ သော့လေးချောင်းကို ထုတ်ပေးပြီးနောက် သူလှည့်ထွက်သွားသည်။

ပန်းရောင်သော့သုံးခုနှင့် အနီရောင်သော့တစ်ခု။

မျက်မှန်တပ်ထားသော အမျိုးသားသေဆုံးမှုကြောင့် ယခုအချိန်တွင် အသက်ရှင်ကျန်ရစ်သူများမှာ ရှန်းယွီ၊ Anonymous၊ ချူဟွား၊ ရှုကျောက်ကျောက်၊ ထိပ်ပြောင်လူနှင့် တာ့ဇိဟွမ်း နှင့် လူငယ်စုံတွဲတို့ ဖြစ်သည်။ စုစုပေါင်းရှစ်ယောက်ပင်။

[Nikolai: တာ့ဇိဟွမ်းလား တာ့စစ်ဟွမ်းလား ဘယ်လို အသံထွက်ရမလဲ မသိတော့ဘူး QQ]

ယခင်အလေ့အကျင့်အရ လူများတွဲဖက်ပြီးသောအခါ သော့ယူချင်ကြသည်။

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Where stories live. Discover now