Ch-14

132 22 3
                                    

Unicode

Arc 1 - The Bloody Apartment (Final)

ပတ်ဝန်းကျင်ရှိ နံရံများမှာ ပျစ်ခဲနေသည့်သွေးများကဲ့သို့ ချင်းချင်းတောက်နီရဲနေသည်။

ဦးဂတုန်းက အနောက်အဆောက်အအုံရှိ အခန်း 444 ဆီသို့ ရောက်ရှိလို့လာသည်။ မထင်ရှားသည့် တံခါးချပ်ကို စိတ်လှုပ်ရှားစွာ တွန်းဖွင့်လိုက်ပြီးနောက် မည်သည့်အန္တာရာယ်မှမရှိကြောင်း သေချာသော အချိန်မှသာ အခန်းထဲသို့ဝင်ရဲလေသည်။

သူ၏ မဟူရာစာအုပ်ထဲမှ ပုဆိန်တစ်လက်ကို ထုတ်လိုက်ပြီး သွေးနီရောင်နံရံ‌ရှေ့၌ ရွယ်လိုက်လေသည်။

“ဒီအိမ်ပိုင်ရှင်အမျိုးသားက ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ဆက်စပ်နေတယ် သူက ဒီတိုက်ကြီးတစ်ခုလုံးကို စီစဉ်ပြီး ပြင်ဆင်ခဲ့တာ အဲ့တော့ သူ့အမျိုးသမီးရဲ့အလောင်းကို အခန်းတွင်း အလှဆင်ရင်းထည့်မြုပ်ခဲ့တာပဲ နေမယ် အလွယ်ကူဆုံးနည်းလမ်းက နံရံနောက်မှာ ထည့်ထားလိုက်တာပဲ။”

သူက ရေရွတ်လိုက်သည်။ သူက သူ့ကိုယ်သူ ထောက်ခံနေသည့်ပုံစံဖြင့် “အလောင်းကိုသာ တစ်ခြားတစ်ယောက်,ယောက်ရဲ့ အိမ်မှာ ဖွတ်ထားလိုက်မယ်ဆိုရင် ရှာမတွေ့နိုင်ဘူးလို့ အာမ,မခံနိုင်ဘူး။ ကိုယ့်တိုက်ခန်းမှာ ကိုယ်ဝှက်ထားမှသာ ဘာပြဿနာမှ မရှိပဲ အိုကေစိုပြေနေမှာပေါ့! တစ်ခုခုသံသယဖြစ်စရာ ရှိနေရင်တောင် သူ့မိသားစုဝင်တွေကတော့ အပြင်ကို ပြောပြမှာ မဟုတ်ဘူးလေ…” သူပိုပြောလေလေ ပိုပြီးသေချာသည်ဟု ခံစားရလေလေဖြစ်သည်။ ဦးဂတုန်းက သတ္တိတွေ တဖြည်းဖြည်းရှိလာပြီး ပုဆိန်နှင့် လွှဲကာ နံရံအား ရိုက်ချလိုက်သည်။

သူက ကြက်သေ,သေသွားပြီး နားထဲတွင် တစ်စုံတစ်ယောက်၏ နာကျင်စွာအော်သံကြီးအား ကြားလိုက်ရသည်။

သူ ရပ်လိုက်သည့်အချိန်တွင် အခန်းသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ အော်သံမှာ တစ်ဖန်ပြန်လည် တိတ်ဆိတ်သွားသည်။

ထို့ကြောင့် သူသည် စိတ်ပြန်ငြိမ်သွားပြီး လက်မောင်းကိုလွှဲကာ ပုဆိန်အား အားအပြည့်ဖြင့် တစ်ချက်ပြီးတစ်ချက် ရိုက်ချလိုက်သည်။ ပုဆိန်မှာ အစွမ်းတစ်ခုဖြစ်ပြီး အလွန်ချွန်ထက်ကာ ဘိလပ်မြေနံရံအား တစ်စစီခဏလေးအတွင်း အမှုန့်ကျိတ်နိုင်လေသည်။

တတိယအဆင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးဆရာ [MM translation]Where stories live. Discover now